AD
AD
AD
play

 

ဂျပန်သတင်းဌာန Nikkan Sports မှာ ရေးသားထားပုံအရ Big Bang အဖွဲ့ဝင် T.O.P ဟာ ဂျပန်ရှိုးပွဲတစ်ခုမှာ စိတ်လှုပ်ရှားပြီး မျက်ရည်ကျခဲ့တယ်လို့ သိရပါတယ်။ မကြာမီကာလအတွင်း စစ်မှုထမ်းဆောင်ရတော့မယ့် T.O.P အတွက် ပရိသတ်တွေက ကြိုတင်ပြင်ဆင်ပေးထားတဲ့ အမှတ်တရတွေဟာ သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့တာပါ။

" ကျွန်တော်တို့ ၅ ယောက်လုံး အတူရှိနေဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဒါပေမဲ့ ၅ယောက်လုံးက အမြဲတမ်းထာဝရ အတူရှိနေကြမှာပါ။ ပရိသတ်တွေကလည်း ကျွန်တော် ၅ ယောက်လုံးအတွက် ရှိနေပေးဖို့ တောင်းဆိုပါရစေ။ ဒါမှသာ ကျွန်တော်တို့ ရှေ့ဆက်ပြီးအတူရှိနေနိုင်မှာပါ" လို့ ဆိုရင်း မျက်ရည်တွေစီးကျသွားခဲ့ရပါတယ်။

T.O.P ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှစပြီး ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD