International Celebrity: မူးယစ်ဆေးသုံးစွဲမှုကြောင့် စစ်မှုထမ်းကာလ အစကနေပြန်စရမယ့် T.O.P

, updated

တပ်ထဲက အထုတ်ခံလိုက်ရပါပြီ။

ဆေးခြောက်သုံးစွဲမှုကြောင့် BIGBANG အဖွဲ့ဝင် T.O.P ဟာ စစ်တပ်မှ တရားဝင် အထုတ်ခံလိုက်ရပြီ ဖြစ်ပြီး ရလဒ်အဖြစ် သူ့ရဲ့စစ်မှုထမ်းကာလကို အစက ပြန်စရပါလိမ့်မယ်။

play

 

ဒါကြောင့် T.O.P ဟာ ပြန်လည် စစ်မှုထမ်းရမှာ ဖြစ်ပြီး သူ့ရဲ့ စစ်မှုထမ်းကာလ ၂ နှစ်ကို ပြန်စရမှာပါ။

T.O.P ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်စစ်မှုထမ်းခဲ့တာဖြစ်လို့ သူ စစ်မှုထမ်းတဲ့ကာလက ၃ လနဲ့ ၂၇ ရက်ရှိပါပြီ။

ယင်းရက်တွေကို အသစ်ပြန်လည် စစ်မှုထမ်းချိန်မှာ ပြန်ပြီး ထည့်တွက်မှာ မဟုတ်ပါဘူး။

play

 

T.O.P ဟာ ဆေးခြောက် ၂ ကြိမ် ရှူခဲ့ကာ ဆေးခြောက်အရည် ၂ ကြိမ်သုံးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ သူကတော့ ဆေးခြောက်အရည်သုံးစွဲမှုကို ငြင်းဆန်ခဲ့ပေမဲ့ ဆေးခြောက် ၂ ကြိမ် ရှူခဲ့တာကိုတော့ မှန်ကန်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ရဲဌာနရဲ့အဆိုအရ T.O.P ဟာ ၂၀၁၆ အောက်တိုဘာလက သူ့ရဲ့အိမ်မှာ အမျိုးသမီးတစ်ဦးနဲ့အတူ ဆေးခြောက်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းနေတဲ့ T.O.P ဟာ ရဲအရာရှိသင်တန်းပေး အဆောက်အအုံထဲမှာ လေ့ကျင့်သင်တန်းဆင်းနေစဉ် အတွင်းမှာ ရဲတပ်ဖွဲ့က သတင်းရခဲ့တဲ့အတွက် သူ့ရဲ့ဆံပင်ကို စစ်ဆေးလိုက်ချိန်မှာ ဆေးခြောက်သုံးထားတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။

ှSource : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ