International Celebrity: နာမည်ကျော်တွေရဲ့လက်ရာတွေ ပါဝင်လာမယ့် အဆိုတော် Tablo ရဲ့ စာအုပ်

, updated

ဒုတိယမြောက်စာအုပ်လည်း ဖြစ်ပါတယ်။

play

 

တောင်ကိုရီးယား အဆိုတော် Tablo (တာဘလို) ရေးသားထားတဲ့ ဒုတိယမြောက် စာအုပ်ကို ယခုလထဲမှာ ထုတ်ဝေမှာဖြစ်တယ်လို့ သိရပါတယ်။

play

 

စာအုပ်အမည်ကို Blonote လို့ ပေးထားပြီး စက်တင်ဘာ ၂၈ ရက်မှာ စတင်ဖြန့်ချိမှာပါ။ ၂၀၀၈-၂၀၀၉ နဲ့ ၂၀၁၄-၂၀၁၅ ကြား ထုတ်လွှင့်ခဲ့တဲ့ တာဘလိုရဲ့ ရေဒီယိုရှိုးတွေကို ရေးသားထားပါတယ်။

play

ဒါတင်မက နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ဂေါင်ဟိုဂျင်း၊ ပတ်ချန်ဝတ်၊ ဂျန်ဘမ်ဂျွန်၊ G-Dragon တို့ရဲ့ ကိုယ်ပိုင်အရေးအသားတွေကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ တာဘလိုဟာ ပထမစာအုပ် " Piece of You" ကို ၂၀၀၈ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ