AD
AD
AD

Big Bang အဖွဲ့ဝင် Taeyang နဲ့ မင်းသမီး မင်ဟိုရင်တို့ဟာ မင်္ဂလာဆောင်ဖိတ်စာတွေ ပို့နေပြီဖြစ်ပြီး သူတို့ဖိတ်စာလေးက သူများတွေနဲ့မတူဘဲ ထူးခြားဆန်းသစ်လို့ စိတ်ကူးယဉ်ဆန်လှပါတယ်။

play

 

ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ 1TYM အဖွဲ့ဝင် Song Baek Kyung က ဖိတ်စာလေးကို အင်စတာဂရမ်ကနေ ပြသလိုက်တာဖြစ်ပါတယ်။

ဖိတ်စာအိတ်မှာ ပန်းခြောက်လေးတွေ ကပ်ထားပြီး ဖိတ်စာမှာလည်း စာကြောင်းလေးတစ်ကြောင်း ရေးသားထားပါသေးတယ်။

အဲဒီစာတမ်းလေးကတော့ "Two are better than one; because they have a good reward for their labour." တဲ့

အဓိပ္ပာယ်ကတော့ နှစ်ယောက်ဆိုတာ တစ်ယောက်တည်းထက် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့

သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုအတွက် သူတို့မှာ ဆုလဒ်ကောင်းတစ်ခု ရှိလို့ပါတဲ့။

play

 

BIGBANG အဖွဲ့ဝင် Taeyang နဲ့ တောင်ကိုရီးယားမင်းသမီး မင်ဟိုရင် (Min Hyo Rin) တို့ဟာ ၂၀၁၈ ဖေဖော်ဝါရီလမှာ လက်ထပ်တော့မှာ ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ကြေညာခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ၂၀၁၅ ခုနှစ်မှာ တရားဝင်တွဲခဲ့ကြတာဖြစ်ပြီး ချစ်သူတွေဖြစ်နေခဲ့ကြတာကတော့ ၃ နှစ်ရှိနေပါပြီ။ ၁၉၈၈ ခုနှစ်မှာ မွေးဖွားတဲ့ Taeyang က မကြာခင်မှာ စစ်မှုထမ်းရတော့မှာဖြစ်လို့ သူ စစ်မှုမထမ်းခင်မှာ လက်ထပ်ချင်ကြတာဖြစ်ပါတယ်။

play

 

သူတို့ရဲ့မင်္ဂလာပွဲကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Photos : allkpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD