ဒီနေ့ (ဖေဖော်ဝါရီလ ၃ ရက်) နေ့လယ်က Big Bang အဖွဲ့ဝင် Taeyang နဲ့ တောင်ကိုရီးယားမင်းသမီး မင်ဟိုရင်တို့ရဲ့မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပြီး တောင်ကိုရီးယားရဲ့ Idol တွေ၊ သရုပ်ဆောင်အများအပြား တက်ရောက်လာကြပါတယ်။

play

 

CL၊ ဒါရာ၊ Big Bang အဖွဲ့ဝင်တွေနဲ့ အခြားနာမည်ကြီးတွေကို နှုတ်ဆက်ဖို့အတွက် ပရိသတ်တွေကလည်း  မင်္ဂလာပွဲကျင်းပရာ ဘုရားကျောင်းပြင်ပမှာ စောင့်ဆိုင်းနေခဲ့ပါတယ်။

play

 

ဒီပွဲမှာ CL ကလည်း  "Cant Take My Eyes Off You" သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

play

 

Taeyaung ရဲ့မင်္ဂလာပွဲကို Big Bang အဖွဲ့ဝင်အားလုံးရဲ့ မိခင်တွေလည်း တက်ရောက်လာတဲ့အတွက် တကယ့်ကိုပျော်စရာကောင်းတဲ့ မင်္ဂလာပွဲပါပဲ။

play

 

Big Bang ရဲ့အေဂျင်စီ YG Entertainment ကလည်း Taeyang နဲ့ မင်ဟိုရင်တို့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ပါတယ်။

play

 

"Taeyang နဲ့ မင်ဟိုရင်တို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားပြောပေးကြသူအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ ဒီမင်္ဂလာပွဲကိုဟာ ချစ်ခင်မှုတွေ၊ စိတ်ဝင်တစားရှိကြသူတွေကြောင့် ကောင်းကောင်းမွန်မွန် ပြီးမြောက်ခဲ့ပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုသာ ဖိတ်ကြားပြီး ဒီနေ့ ညနေ ၃ နာရီက ဘုရားကျောင်းမှာ မင်္ဂလာပွဲကို သီးသန့်ကျင်းပခဲ့ပါတယ်။ အချိန် တစ်နာရီကြာမြင့်ခဲ့ပါတယ်။ ညစာစားပွဲကိုတော့ Big Bang အဖွဲ့ဝင် Daesung က ကြီးမှူးပြီး Paradise City မှာ ပြုလုပ်မှာပါ။ မင်္ဂလာသီချင်းတွေကိုတော့ CL နဲ့ Seungri တို့က သီဆိုဖျော်ဖြေမှာပါ။ သူတို့ကိုဆက်ပြီး နွေးထွေးစွာ စောင့်ကြည့်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ချစ်ခင်မှုအားလုံးအတွက် သူတို့က ပျော်ရွှင်တဲ့ဘဝလေးတစ်ခု တည်ထောင်ပြီး ပြန်လည်ပေးဆပ်သွားပါလိမ့်မယ်။ သူတို့ရဲ့ဘဝအစလေးကို အများကြီးအားပေးကြပါဦး။ ကျေးဇူးတင်ပါတယ်" လို့ YG Entertainment က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

play

 

Source : Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video