AD
AD
AD
play

 

ကပ္ပတိန်အမေရိက ခရစ္စအီဗန်ကို Teecn Choice Awards ဆုပေးပွဲကအပြန်မှာ ရည်းစားသစ်လေးနဲ့အတူ တွေ့လိုက်ရပါတယ်။ ခရစ္စအီဗန်ဟာ သရုပ်ဆောင် ဂျန်နီဆလိတ်နဲ့တွဲတာ သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့လကမှ ဂျန်နီပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကား ပရီမီယာပွဲကို အတူပွဲတက်ပြီး လူသိရှင်ကြားတွဲခဲ့ကြတာပါ။

play

 

တနင်္ဂနွေနေ့က လော့စ်အန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ TCA ဆုပေးပွဲမှာ ခရစ္စအီဗန်က ဆုတစ်ဆုဆွတ်ခူးခဲ့ပါတယ်။ ပွဲကို နှစ်ယောက်အတူတက်ခဲ့ကြပုံပါပဲ။

play
ဂျန်နီနဲ့ ခင်ပွန်းဟောင်းကမ့်

 

ဂျန်နီနဲ့ ခရစ္စတို့ဟာ Gift ဇာတ်ကားမှာ အတူသရုပ်ဆောင်ကြရင်း ငြိစွန်းသွားခဲ့ကြတယ်လို့ ယူဆရပါတယ်။ ယခုနှစ်မေလတုန်းက ဂျန်နီနဲ့ လေးနှစ်နီးပါးပေါင်းသင်းလာတဲ့ ခင်ပွန်းဟောင်း ဖလစ်ရှာကမ့်တို့ ကွာရှင်းပြီးခါစအချိန်လည်းဖြစ်ပါတယ်။

Source : Daiy Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD