International Celebrity: လေဒီဂါဂါကိုပုတ်ခတ်ရုံမက ဟယ်လ်ဆေကိုပါ ဆဲရေးတိုင်းထွာတဲ့ The Chainsmokers

အကောင့်ဟက်ခံရတာပါဆိုပြီး သူ့ရဲ့ရိုင်းစိုင်းမှုကို ငြင်းဆန်နေဆဲပါ။

play

 

နိုင်ငံတကာ music chart တွေမှာ ထိပ်ဆုံးနေရာကို တစ်လကျော်ကြာ နေရာယူထားတဲ့ The Chainsmokers တွေရဲ့အကြောင်းဟာ လတ်တလောမှာ အတော်လေးကို လူပြောစရာဖြစ်နေပါတယ်။ လေဒီဂါဂါရဲ့ နောက်ဆုံးထွက်အယ်လ်ဘမ်ကို ကဲ့ရဲ့ရှုတ်ချလိုက်ကြတာပါ။ The Chainsmokers အဖွဲ့သား အဲလက်စ်ပေါလ်က လေဒီဂါဂါရဲ့ Perfect Illusion သီချင်းက စိတ်ပျက်စရာပါလို့ Rolling Stone နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

play

 

The Chainsmokers ရဲ့ နာမည်ကြီးသီချင်း Closer မှာ အဓိကပါဝင်သီဆိုခဲ့တဲ့ ဟယ်လ်ဆေကတော့ ဂါဂါရဲ့ပရိသတ်ပါ။ သူမအနေနဲ့ ဂါဂါကိုထောက်ခံကြောင်း တွစ်တာပေါ်မှာ ရေးနေတာကိုလည်း Closer မှာ အတူတွဲဆိုခဲ့တဲ့ အန်ဒရူး တတ်ဂတ်က "သောက်ကောင်မ" ဆိုပြီး ဆဲရေးခဲ့ပြန်ပါတယ်။

play

 

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒါကို သူ မပြောခဲ့ပါဘူးလို့ အန်ဒရူးက ဗြောင်လိမ်ခဲ့ပါတယ်။ ဒါပေမဲ့ အထောက်အထားတွေကလည်း ကျန်နေသေးတော့ သူ့အကောင့်ဟက်ခံရတာဖြစ်ပြီး ဘယ်သူ့ကိုမှ ဒါမျိုးမပြောဘူးလို့လည်း ဆက်ငြင်းနေတုန်းပါပဲ။

play

 

လေဒီဂါဂါကတော့ သူမရဲ့အယ်လ်ဘမ်သစ်ထဲက A-Yo သီချင်း ထွက်ရှိချိန်မှာသီချင်းနားထောင်နိုင်မယ့်လင့်ခ်ကို တင်ကာ " ဒီတစ်ပုဒ်ကပိုကောင်းလို့ မင်းတို့ကြိုက်ချင်ကြိုက်မှာပါ" လို့ပဲ ပြန်ပြောခဲ့ပါတယ်။

Source : Twitter

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ