AD
AD
AD

တစ်ချိန်က နာမည်အရမ်းကြီးခဲ့တဲ့ အိုင်းရစ် Rock တေးဂီတအဖွဲ့ The Cranberries  ရဲ့ ခေါင်းဆောင် အဆိုတော် Dolores O'Riordan ဟာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

play

 

၁၉၉၀ ပြည့်နှစ်များက Linger နဲ့ Zombie အပါအဝင် Single သီချင်းတွေနဲ့ The Cranberries ကို နိုင်ငံတကာမှာ အောင်မြင်မှုရအောင် Dolores O'Riordan  က ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူမရဲ့ ပြန်ကြားရေးအရာရှိက သူမသေဆုံးကြောင်းသတင်းကို မှန်ကန်ကြောင်း အတည်ပြုခဲ့ပေမဲ့ သေဆုံးရခြင်းအကြောင်းရင်းကိုတော့ မကြေညာသေးပါဘူး။ O'Riordan ဟာ ၂၀၁၇ ခုနှစ်မှာ Cranberries ပြန်လည်ပူးပေါင်းပြီး ကမ္ဘာလှည့်ဖျော်ဖြေမယ့်အစီအစဉ်ကို ကျောနာပြဿနာကြောင့် ဖျက်ခဲ့ပါတယ်။

အခုလတ်တလောမှာတော့ O'Riordan က အသံသွင်းဖို့အတွက် လန်ဒန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

play

 

"ရုတ်တရက်ဖြစ်သွားတဲ့ ဒီသတင်းကြောင့် မိသားစုဝင်တွေ အရမ်းကို ကြေကွဲနေကြတယ်။ ဒီလိုအချိန်မျိုးမှာ အားလုံးကို လူသိရှင်ကြားမလုပ်ဖို့ တောင်းဆိုထားပါတယ်" လို့ သူမရဲ့သေဆုံးကြောင်းသတင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

O’Riordan ရဲ့အသက်မဲ့ခန္ဓာကိုယ်ကို လန်ဒန်ရှိ ဟိုတယ်တစ်ခုမှာ တွေ့ရကြောင့်လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

London Hilton ဟိုတယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အခုလို ပြောခဲ့ပါတယ်။

"ဧည့်သည်တစ်ယောက်ဟာ ဇန်နဝါရီလ ၁၅ ရက် တနင်္လာနေ့က ကျွန်တော်တို့ရဲ့ ဟိုတယ်မှာ ဆုံးပါးသွားခဲ့တယ်ဆိုတာကိုတော့ ဝမ်းနည်းစွာနဲ့ အတည်ပြုပေးနိုင်ပါတယ်။ အရမ်းကို ဝမ်းနည်းမိကြောင်း သူ့ရဲ့မိသားစုကို ပြောချင်ပါတယ်" လို့ London Hilton ဟိုတယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြောခဲ့ပါတယ်။

play

 

Cranberries အဖွဲ့ဝင်တွေဖြစ်တဲ့ Noel Hogan, Mike Hogan နဲ့ Fergal Lawler တို့ကလည်း တွစ်တာကနေတစ်ဆင့် ဝမ်းနည်းစကားတွေ ဆိုခဲ့ကြပါတယ်။

၁၉၇၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Dolores O'Riordan ဟာ Cranberries အဖွဲ့ထဲကို ဝင်လာပြီးတဲ့နောက် အဖွဲ့အမည်ကို ၁၉၉၀ ပြည့်နှစ်မှာ Cranberry Saw Us လို့ အမည်ပြောင်းခဲ့ကာ  ၂၀၀၃ ခုနှစ်အထိ ယင်းအဖွဲ့နဲ့အတူ သီဆိုခဲ့ပါတယ်။ O'Riordan ရဲ့ ခံစားချက်ပါတဲ့အသံနဲ့ အိုင်းရစ်လေသံကြောင့် သူတို့အဖွဲ့ဟာ အရမ်းကို အောင်မြင်လာခဲ့တာပါ။ Linger သီချင်းဟာဆိုရင်လည်း အမေရိကနဲ့ အိုင်ယာလန်မှာ Top 10 ထဲ ဝင်ခဲ့ပြီး ယူကေမှာ No 14 ချိတ်ခဲ့ပါတယ်။

Source & Photos : The guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD