International Celebrity: ကတိအတိုင်း ပရိသတ်တွေကို The K2 ရိုက်ကွင်းဆီအလည်ခေါ်ခဲ့တဲ့ YoonA

ကြည့်ရှုမှုနှုန်း ၅ ရာခိုင်နှုန်းပြည့်ရင် ကော်ဖီတိုက်မှာဖြစ်ပြီး ၁၀ ရာခိုင်နှုန်းဆိုရင် အိမ်လည်လာပါ့မယ်လို့ ဂျီချန်ဝတ်နဲ့ ယွန်းနာတို့က ကတိပေးခဲ့ကြတာပါ။

play

 

The K2 ပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ Girls Generation အဖွဲ့ဝင် YoonA က ရိုက်ကွင်းပေါ်ကို အလည်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ပြသနေတဲ့ The K2 ဇာတ်လမ်းတွဲဟာ ကြည့်ရှုမှု ၆.၆ ရာခိုင်နှုန်း ရရှိသွားပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတင် ဒီလောက်အထိ ကြည့်ရှုကြတာ တကယ်ကိုများပြားတဲ့စံချိန်ပါ။

play

 

ကြည့်ရှုမှုနှုန်း ၅ ရာခိုင်နှုန်း ပြည့်ခဲ့ရင် ပရိသတ်တွေကို ကော်ဖီတိုက်ပါ့မယ်လို့ YoonA က ကြိုတင်ကတိပေးထားခဲ့ပါတယ်။ ၅ ရာခိုင်နှုန်းကို ကျော်လွန်သွားတဲ့အတွက် ပရိသတ်တွေကို The K2 ရိုက်ကွင်းပေါ်ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ YoonA ရဲ့ ပရိသတ်တွေထဲက ကံထူးသူ ၃ ဦးဟာ အောက်တိုဘာ ၁၂ ရက်နေ့က The K2 ရိုက်ကွင်းပေါ်ကို လည်ပတ်ခွင့်ရခဲ့ပါတယ်။

play

 

ဒါတင်မက ပရိသတ်တွေကိုလည်း ကော်ဖီတိုက်ပါဦးမယ်လို့ YoonAနဲ့ ချန်ဝတ်က ပြောပါတယ်။ တကယ်လို့ ကြည့်ရှုမှုစံချိန် ၁၀ ရာခိုင်နှုန်းသာပြည့်မယ်ဆိုရင် အိမ်လည်လာမယ်လို့တောင် သူမနဲ့ ဂျီချန်ဝတ်တို့က ကတိပေးခဲ့ကြတာပါ။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ