International Celebrity: ဂျက်စတင်ဘီဘာနဲ့ The Weeknd တို့ ဇာတ်လမ်းထဲ ဝင်ပါလာတဲ့ ဒရိတ်ခ်

ဒရိတ်ခ်မှာ ဂျေဘီ့ကို မကျေနပ်စရာ သမိုင်းကြောင်းလေးတွေ ရှိနေပါတယ်။

ဆယ်လီနာဂိုးမက်စ်ရဲ့ လက်ရှိချစ်သူ The Weeknd နဲ့ သူမရဲ့ချစ်သူဟောင်း ဂျက်စတင်ဘီဘာတို့ကြားမှာ မကျေနပ်ချက်တွေရှိနေတာကို အားလုံးသိပြီးသားပါ။ ဒရိတ်ခ်တစ်ယောက်ဟာ သူ့အလိုလို ဘက်ရွေးခဲ့တာကိုတွေ့ရပြီး သူ့မှာ ဂျေဘီ့အပေါ် အငြိုးထားစရာလေးတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

play

 

ဒရိတ်ခ်ဟာ အင်စတာဂရမ်မှာ The Weeknd ရဲ့ဓာတ်ပုံတွေကို Like လုပ်ရင်း သဘောကျကြောင်း ပြသခဲ့သလို The Weeknd နဲ့ ဆယ်လီနာတို့ရဲ့စုံတွဲဓာတ်ပုံကိုလည်း Like လုပ်ခဲ့ပါတယ်။

The Weeknd နဲ့ ဂျေဘီကြားမှာ တင်းမာမှုလေးတွေဖြစ်နေပြီး ဘက်ရွေးရမလို ဖြစ်နေချိန်မှာ ဒရိတ်ခ်ကတော့ သူ့အလိုလို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက ဂျေဘီက ဒရိတ်ခ်ကို သူ့ဘက်တော်သားလို့ပဲ ထင်နေသေးပုံပါပဲ။

 

ဂျေဘီဟာ ဒရိတ်ခ်ရဲ့ဖျော်ဖြေမှုတွေကို သဘောကျကြောင်း ဒရိတ်ခ်ရဲ့ပုံအောက်မှာ ပြောခဲ့ဖူးပါတယ်။

တကယ်တော့ ဒရိတ်ခ်က ဂျေဘီကို တိတ်တဆိတ် မနာလိုမုန်းထားရှိနေတယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ရည်းစားဟောင်း ဆရီနာဝီလျံက ဂျေဘီကို အရမ်းကြိုက်ကြောင်း ပြောခဲ့ဖူးသလို ဂျေဘီရဲ့ရည်းစားဟောင်း ဟေလီဘောဝင်းနဲ့လည်း ဒရိတ်ခ်က ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။

play

 

ဟေလီဘောဝင်းဟာ ဒရိတ်ခ်နဲ့ မတွဲမီ တစ်ပတ်အလိုမှာ ဂျေဘီနဲ့ ဒရိတ်ခ်ဆိုရင် ဒရိတ်ခ်ကိုပဲ ရွေးမယ်လို့ ပြောခဲ့ဖူးပါတယ်။

သူတို့တွေကြားက ပြဿနာဟာ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source & Photos : Elite

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ