International Celebrity: The Weeknd နဲ့ ဆယ်လီနာတွဲနေတဲ့အပေါ် ဘယ်လာဟက်ဒီးရဲ့ခံစားချက်

ဘယ်လာ့အမေ ယိုလန်ဒါဟက်ဒီးက ဖြေပေးခဲ့တာပါ။

The Weeknd ဟာ ဘယ်လာနဲ့လမ်းခွဲပြီး ဆယ်လီနာနဲ့ချစ်သူတွေဖြစ်ခဲ့တာ အခုဆို ချစ်သူသက်တမ်း ၉ လခန့် ရှိနေပါပြီ။ အဲ့ဒီ့အဖြစ်အပျက်အပေါ်မှာ ဘယ်လာ့ဘက်ကမကျေနပ်ချက်နဲ့ပတ်သက်ပြီး သိသာခဲ့တာကတော့ ဘယ်လာဟာ ဆယ်လီနာရော The Weeknd ရောရဲ့ အင်စတာဂရမ်ကိုချက်ချင်းဆိုသလို Unfollow လုပ်သွားတာပါပဲ။ အခုချိန်မှာရော ဘယ်လောက်တစ်ယောက် ဘယ်လိုခံစားချက်ရှိနေလဲဆိုတာကို ဘယ်လာ့ရဲ့မိခင်က ပြောပြခဲ့တာဖြစ်ပါတယ်။

play

 

အဲ့ဒါကိုကြည့်ချင်းအားဖြင့် ဘယ်လာတစ်ယောက်ခံပြင်းနေမှာပဲလို့ Fan တွေက မှတ်ချက်ချခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ဘယ်လာ့မိခင် ယိုလန်ဒါကို အဲ့ဒီ့ကိစ္စအပေါ်မေးမြန်းတဲ့အခါမှာ ယိုလန်ဒါက 'ထပ်ခံစားစရာ ဘာအကြောင်းမှမရှိတော့ပါဘူး' လို့ခပ်ပြတ်ပြတ်ပြောချလိုက်ပါတယ်။

play

 

နောက်ပြီး ယိုလန်ဒါ့ကို အခုဘယ်လာနဲ့ ဒရိတ်ခ်တွဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ တိကျသေချာတဲ့အဖြေမပေးခဲ့ပါဘူး။ ဒရိတ်ခ်က ဘယ်လာ့ ၂၁နှစ်ပြည့်မွေးနေ့ကို အကြီးအကျယ်ကျင်းပပေးခဲ့လို့ Fan တွေက တွဲနေကြပြီလို့ အတိအလင်းပြောလာကြပေမယ့် ယိုလန်ဒါကတော့ သူတို့ကသူငယ်ချင်းတွေပါပဲလို့ဆိုပါတယ်။

play

 

အဆိုတော် The Weeknd နဲ့ မော်ဒယ် ဘယ်လာဟက်ဒီးတို့ဟာ ၁၈ လအကြာတွဲခဲ့ပြီးနောက်  နိုဝင်ဘာလ ၁၀ ရက်နေ့မှာ People မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။ မချစ်တော့လို့ မဟုတ်ကြဘဲ နှစ်ဦးစလုံး အလုပ်တွေအရမ်းလွန်းတဲ့အတွက် လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အဆိုတော် The Weeknd ဟာ စူပါမော်ဒယ် ဘယ်လာဟက်ဒီးနဲ့ ပြတ်လို့ ၂ လအကြာမှာ ဆယ်လီနာဂိုးမက်စ်နဲ့ တွဲခဲ့တဲ့အတွက် ဘယ်လာတစ်ယောက် အသည်းတွေ အကွဲကြီးကွဲခဲ့ရပါတယ်။

"ကျွန်မရဲ့ ပထမဆုံး လမ်းခွဲခြင်းပဲ။ ပြီးတော့ လူတိုင်းသိခဲ့တယ်။ အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ကျွန်မက စိတ်ခိုင်တဲ့သူလို့ ထင်ချင်ထင်မှာပေါ့။ ဒါပေမဲ့ အဲဒါဟာ ကျွန်မနှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ အဲဒါကြောင့် အရမ်းလေးလံနေသလိုလည်း အမြဲခံစားရတယ်။ ခဏတာတော့ ခက်ခဲနေဦးမှာပဲ။ အချစ်ဆိုတာ နာကျင်ရပါတယ်။ ဒါပေမဲ့ ဒီလိုပဲ ကျော်ဖြတ်ရမှာပဲလေ။ ဒါပေမဲ့ ကျွန်မ သူ့ကို အမြဲလေးစားနေမယ်။ အမြဲလည်း ချစ်နေမှာပါ" လို့ ဘယ်လာက Teen Vogue ကို ရင်ဖွင့်ခဲ့ဖူးပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ