International Celebrity: ဘယ်လာဟက်ဒီးရဲ့ တိုက်ခန်းထဲက ထွက်လာတဲ့ The Weeknd

ပြန်တွဲနေကြပြီထင်ပါတယ်။

ဆယ်လီနာဂိုးမက်စ်နဲ့ The Weeknd ပြတ်သွားပြီးတဲ့နောက် ဆယ်လီနာက အချစ်ဟောင်း ဂျက်စတင်ဘီဘာနဲ့ ပြန်တွဲနေကာ The Weeknd ကလည်း သူ့အချစ်ဟောင်း စူပါမော်ဒယ် ဘယ်လာဟက်ဒီးနဲ့ ပြန်တွဲနေပုံရပါတယ်။

play

 

ကနေဒီယမ် Rapper တစ်ဦးဖြစ်တဲ့ The Weeknd ဟာ ဘယ်လာ့အပေါ် ချစ်နေဆဲဖြစ်ပြီး သူတို့နှစ်ဦးကြားမှာ တကယ်စစ်မှန်တဲ့ ဆက်သွယ်မှု ရှိနေတယ်လို့ ခံစားရကြောင်း သူနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြပါတယ်။

အသက် ၂၅ နှစ်အရွယ် The Weeknd ဟာ အသက် ၂၁ နှစ်အရွယ် Victoria's Secret မော်ဒယ် ဘယ်လာဟက်ဒီးရဲ့ နယူးယော့ခ်စီးတီးတိုက်ခန်းကနေ အင်္ဂါနေ့ည သန်းခေါင်ယံမှာ ထွက်လာတာကို မြင်လိုက်ရချိန်မှာတော့ သူတို့နှစ်ယောက် ပြန်တွဲနေကြပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

play

 

သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်စမှာ စတွဲခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာ ပြတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ပြန်တွဲဖြစ်ခဲ့ကာ နိုဝင်ဘာလမှာ နောက်တစ်ကြိမ် လမ်းခွဲလိုက်ကြပြန်ပါတယ်။

သူတို့နှစ်ယောက် ပြတ်ပြီး ၂ လ လောက်အကြာမှာ The Weeknd ဟာ ဆယ်လီနာနဲ့ ပေါ်ပေါ်ထင်ထင် တွဲခဲ့ပြီး ဘယ်လာတစ်ယောက် အသည်းတွေ အကွဲကြီးကွဲခဲ့ရပါသေးတယ်။ The Weeknd က သူမရဲ့ အချစ်ဦးပါလို့လည်း အင်တာဗျူးတစ်ခုမှာ ဆိုခဲ့ပါသေးတယ်။

Source : Daily Mail

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ