International Celebrity: ပရိသတ်တွေရဲ့ Thor

Thor မင်းသားချော ခရစ္စဟမ်းဆွက်သ်ဟာ အနုပညာမှာသာမက အိမ်ထောင်ရေးလည်း အောင်မြင်သာယာပါတယ်။

play

 

Thor မင်းသားချော ခရစ္စဟမ်းဆွက်သ် က မဲလ်ဘုန်းမှာ မွေးဖွားကြီးပြင်းခဲ့ပြီး မွေးချင်းသုံးယောက်အနက်မှာ သားအလတ်ဖြစ်ပြီး သူ့ညီ လီယမ်ဟမ်းဆွက်သ်ဟာလည်း အခုဆိုရင် အနုပညာလောကထဲမှာ အောင်မြင်နေရာရနေတဲ့ မင်းသားတစ်ဦးဖြစ်နေပါပြီ။

play

 

ခရစ္စဟာ ၂၀၀၂ ခုနှစ်မှာစတင်ကာ ရုပ်ရှင်ဇာတ်လမ်းတွဲတချို့မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က Star Trek ရုပ်ရှင်ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့ပြီး လူသိများလာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Marvel ရဲ့ စူပါဟီးရိုး နတ်ဘုရား Thor အဖြစ် Thor ရုပ်ရှင်ဇာတ်ကားမှာ အဓိက ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ကြီးမားတဲ့အောင်မြင်မှုကို ပိုင်ဆိုင်ခဲ့ပါတယ်။

play

 

 ခရစ္စဟာ Marvel ရဲ့ The Avengers, Thor: The Dark World, Avengers : Age of Ultron ဇာတ်ကားတွေမှာလည်း ဆက်လက် ပါဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ မှာတော့ မင်းသမီးကြီး ချားလိဇ်သယ်ရွန်၊ ခရစ္စတင်စတီးဝပ်တို့နဲ့အတူ ဒစ္စနေရဲ့ Snow White and the Huntsman ဇာတ်ကားမှာ အမဲလိုက်မုဆိုးအဖြစ် သရုပ်ဆောင်ခဲ့ရာကနေလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဒါ့အပြင် The Huntsman: Winter's War ဇာတ်ကားမှာလည်း ခရစ္စ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play
The Huntsman: Winter's War

 

အခု၂၀၁၆ မှာတော့ ခရစ္စ ပါဝင်ထားတဲ့ Ghostbusters သရဲနှိမ်နှင်းရေး ဟာသအက်ရှင်ဇာတ်ကား ရုံတင်ပြသဖို့ရှိပြီး ၂၀၁၇ မှာတော့ Thor: Ragnarok ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

play

 

ခရစ္စဟာ မင်းသမီးချော အယ်လ်ဆာ ပတ်တကီနဲ့ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးတစ်ယောက်၊ အမြွှာသားနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ