AD
AD
AD

Thor မင်းသားကြီး ခရစ္စဟမ်းဆွက်သ်ဟာ မိန်းမဖြစ်သူ အယ်လ်ဆာနဲ့ ငါးနှစ်အရွယ်သမီးကြီး၊ သုံးနှစ်အရွယ်အမြွှာသားနှစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။

play

 

ဒါပေမယ့် နေအိမ်မှာတော့ ခရစ္စနဲ့ အယ်လ်ဆာဟာ ကိုယ်ပိုင်ရေချိုးခန်းတစ်ခုဆီသုံးကြပါတယ်။ 

တစ်ခါတစ်လေမှာ ခရစ္စဟာ မိန်းမဖြစ်သူရဲ့ရေချိုးခန်းထဲကို ခိုးခိုးဝင်လေ့ရှိပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ရယ်မောရင်းပြောပြလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိန်းမရဲ့အလှပြင်ပစ္စည်းတွေကို ခိုးသုံးနေတာပါတဲ့။

ပိုရယ်စရာကောင်းသွားတာက တစ်ရက်မှာ ခရစ္စက ထုံးစံအတိုင်း လိုးရှင်းတွေ ခိုးလိမ်းနေတုန်း မိန်းမဖြစ်သူကတွေ့သွားပြီး 'ရှင်ဒါဘာလုပ်နေတာလဲ ? အဲ့လိုရှင်ကအများကြီးထည့်မလိမ်းရဘူး။ ဒေါ်လာ ၅၀၀ တောင်ပေးရတယ်ရှင့်' လို့ ရန်တွေ့ခဲ့ရပါသေးတယ်။ အယ်လ်ဆာက စပိန်မော်ဒယ်တစ်ဦးဖြစ်တာကြောင့် သူမသုံးတဲ့ အလှကုန်ပစ္စည်းတွေကလည်း စပိန်အမှတ်တံဆိပ်တွေလို့ဆိုပါသေးတယ်။

play

 

အဲ့ဒီ့နောက်ပိုင်းမှာမှ မိန်းမဖြစ်သူ အယ်လ်ဆာရဲ့အကူအညီနဲ့ အသားအရေထိန်းသိမ်းမှုတွေ၊ အလှကုန်ပစ္စည်းအသုံးပြုမှုတွေကို သေသေချာချာလုပ်ဖြစ်လာတာပါလို့လည်း ခရစ္စကဆိုပါတယ်။

လက်ရှိမှာတော့ ခရစ္စခေါင်းဆောင်ပါဝင်ထားတဲ့ Thor: Ragnarok ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း အအောင်မြင်ကြီး အောင်မြင်လျက်ရှိပြီး နောက်ထပ်စူပါဟီးရိုးကားတွေမှာ ဆက်လက်ပါဝင်နိုင်ဖို့ ခရစ္စက ကျန်းမာရေးလေ့ကျင့်ခန်းတွေလည်း မပြတ်လုပ်ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD