International Celebrity: ဂျေဇီးရဲ့ Tidal လုပ်ငန်း ပက်ပက်စက်စက် အရှုံးပေါ်

ဒေါ်လာ ၅၆ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

play

 

အဆိုတော်ဂျေဇီးပိုင်ဆိုင်တဲ့ အင်တာနက်မှသီချင်းတိုက်ရိုက်နားဆင်နိုင်တဲ့ဝန်ဆောင်မှုလုပ်ငန်း Tidal ဟာ ယမန်နှစ်အတွင်းမှာ ငွေကြေးအမြောက်အများ ဆုံးရှုံးခဲ့လို့ ယခုနှစ်မှာ ပေးချေရမယ့် ငွေတွေတောင် မပေးနိုင်ဘူးလို့ သိရပါတယ်။

play

 

Tidal ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ဆွီဒင်အခြေစိုက် Aspiro လုပ်ငန်းစုဟာ ယမန်နှစ်အတွင်း ဒေါ်လာ ၂၈ သန်း အရှုံးပေါ်ခဲ့တာဖြစ်ပါတယ်။ Aspiro ရဲ့ အဓိကလုပ်ငန်းကလည်း Tidal ပါပဲ။

play

 

ဂျေဇီးဟာ Tidal ကို ၂၀၁၅ ခုနှစ် မတ်လမှာ ဒေါ်လာ ၅၆ သန်းနဲ့ ဝယ်ယူခဲ့တာပါ။ ရီဟားနားနဲ့ ကာညေးဝက်စ်တို့ရဲ့ အယ်လ်ဘမ်တွေကိုလည်း အထူးသီးသန့် ထုတ်လွှင့်ပေးခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ