AD
AD
AD
play

 

ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ အလွှမ်းမိုးနိုင်ဆုံးလူပုဂ္ဂိုလ်စာရင်းမှာ ခိုင်လီနာဂျန်နာက ထိပ်ဆုံးကနေ ပါဝင်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကို အလွှမ်းမိုးနိုင်ဆုံး ဆယ်ကျော်သက် အယောက် ၃၀ စာရင်းကို အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

play

 

လူမှုကွန်ရက်၊ သတင်းစာမျက်နှာ အပါအဝင် နယ်ပယ်မျိုးစုံမှာ လွှမ်းမိုးထားနိုင်တဲ့ ဆယ်ကျော်သက်တွေထဲမှာတော့ အမေရိကန်ဆယ်လီလေး ကိုင်လီဂျန်နာက ထိပ်ဆုံးနေရာမှာ ရောက်နေပါတယ်။ အခြားအနုပညာရှင်တွေအနေနဲ့ သရုပ်ဆောင်၊အဆိုတော် ဂျေဒန်စမစ်၊ ကလိုဝီဂရေ့စ်မိုရက်၊ အဆိုတော် ရှော မန်းဒက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။

play

 

နိုဘယ်လ်ဆုရှင်လေး မာလာလာ ယူဆွတ်ဇိုင်ကလည်း ၂၀၁၆ ခုနှစ်ကို လွှမ်းမိုးထားနိုင်တဲ့ ဆယ်ကျော်သက်ပါ။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားရဲ့ သမီးနှစ်ဦးဖြစ်တဲ့ မလီယာ (၁၈ နှစ်)နဲ့ ဆာရှာ (၁၅ နှစ်) တို့လည်း ၂၀၁၆ ခုနှစ်ကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ဆယ်ကျော်သက်တွေ ဖြစ်လာကြောင်း Time က ထုတ်ပြန်ခဲ့ပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD