International Celebrity: Train To Busan သရုပ်ဆောင် မာဒေါင်ဆော့ကို ဟောလိဝုဒ်ရုပ်ရှင်တွေမှာမြင်ရဖို့ရှိနေ

ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို ကျရာနေရာမှာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်သူပါ။

play

 

တောင်ကိုရီးယားသရုပ်ဆောင် မာဒေါင်ဆော့ကို ဟောလိဝုဒ်စတူဒီယိုတစ်ခုက စိတ်ဝင်စားနေကြောင်း Day Dream အေဂျင်စီက ပြောပါတယ်။

play

 

ဟောလိဝုဒ်ရဲ့ နာမည်ကျော်စတူဒီယိုကြီးတစ်ခုက မာဒေါင်ဆော့ကို စိတ်ဝင်စားနေပြီး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။ မာဒေါင်ဆော့ရဲ့ ပထမဆုံး ဟောလိဝုဒ်ပွဲထွက်ခွင့်အတွက် အတည်ပြုချက်တော့ မရသေးပါဘူး။ ဒေါင်ဆော့က အမေရိကကိုသွားရောက်တွေ့ဆုံပြီးမှ ညှိနှိုင်းတာတွေလုပ်ရမှာဖြစ်ကြောင်း အေဂျင်စီရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

play

 

မာဒေါင်ဆော့ဟာ ကိုရီးယားရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေပေါင်းများစွာမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ Train To Busan ရုပ်ရုပ်ထဲက ဒေါင်ဆော့ရဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေမှာ ပြုံးလည်းပြုံးရသလို ဝမ်းနည်းမှုကိုပါ ခံစားရစေတဲ့အထိ ပီပြင်ခဲ့ပါတယ်။

Source : Day Dream Entertainment

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ