play

 

တောင်ကိုရီးယားမှာသာမက အာရှအထိပါ ရိုက်ခတ်ခဲ့တဲ့ Train To Busan ဇာတ်ကားရဲ့ သရုပ်ဆောင် မင်းသမီးလေး ဆိုဟီးက သူမရဲ့သရုပ်ဆောင်မှုကို စိတ်တိုင်းမကျခဲ့ပါဘူး။ အထူးသဖြင့် zombie အဖြစ် သရုပ်ဆောင်ရတဲ့နေရာကို အားမရခဲ့ဘူးလို့ သူမက ပြောပါတယ်။

play

 

ဒီဇာတ်ကားထဲမှာ zombie အဖြစ် သရုပ်ရဆောင်ခဲ့သူတွေဟာ လပေါင်းများစွာ လေ့ကျင့်ခဲ့ကြရတာဖြစ်ပြီး သူမကတော့ လေ့ကျင့်ချိန်သိပ်မရခဲ့လို့ zombie ပုံစံ ပီပြင်အောင် သရုပ်မဆောင်နိုင်ခဲ့ဘူးလို့ ဝန်ခံပါတယ်။ " အစပိုင်းမှာတော့ ကျွန်မရဲ့ zombie ပုံက လိုအပ်ချက်ရှိပြီးမပီပြင်ခဲ့ဘူး" လို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူမကအဆင်ပြေပြေလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

Wonder Grils အဖွဲ့ဝင်ဟောင်း ဆိုဟီးက လက်ရှိမှာ လီကွမ်ဆူးနဲ့အတူ Entourage အမည်ရှိ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

Source : High Cut Magazine

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video