International Celebrity: ခပ်ဟော့ဟော့ Vampire သွေးနှောမင်းသမီးလေး

ဆွဲဆောင်မှုပြင်းတဲ့သွင်ပြင် စူးရှထူးခြားတဲ့မျက်ဝန်းအစုံတို့ကြောင့် နာမည်ကြီး မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ မကြာခဏ ဖော်ပြခြင်းခံရသူပါ။

play


The Originals ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ သွေးနှောဝံပုလွေမလေး ဖိုဘီတွန်ကင်ဟာ ဆစ်ဒနီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ကလေးဘဝက ဘဲလေးအကနဲ့ Rap သီချင်းဆိုခြင်းကို ဝါသနာအလွန်ပါခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

play


ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရာကနေ အနုပညာခြေလှမ်း စတင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ The Secret Circle ဆိုတဲ့ စုန်းလူငယ်လေး ၆ ယောက်ဇာတ်ကားမှာ ခပ်ဟော့ဟော့ ခပ်ဆိုးဆိုး စုန်းမငယ်လေးအဖြစ် သရုပ်ဆောင်ရာကနေ ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

play


၂၀၁၂ ခုနှစ်မှာတော့ ရုံတင်ပြသခဲ့တဲ့ Bait 3D ရုပ်ရှင်ဇာတ်ကားမှာလည်း သူမ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ကမ္ဘာတစ်ဝန်းမှာအောင်မြင်နေတဲ့ The Vampire Diaries ရုပ်ရှင်ဇာတ်လမ်းတွဲကြီးမှာ ဇာတ်လမ်း  ၈ ပိုင်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


၂၀၁၃ မှာတော့ The Vampire Diaries ဇာတ်လမ်းကနေ ခွဲထွက်သွားတဲ့ The Originals ရုပ်ရှင်ဇာတ်လမ်းတွဲမှာ Hayley Marshall ဆိုတဲ့ Vampire နဲ့ သမန်းဝံပုလွေ သွေးနှောမလေးအဖြစ် အဓိက ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ကာ အခုဆိုရင် Season ၃ ခု ပြီးဆုံးသွားပြီး နောက် Season တွေမှာလည်း ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

play


လက်ရှိမှာ The Vampire Diaries ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ အဓိက Vampire မင်းသားနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ မင်းသားချော Paul Wesley နဲ့ ချိန်းတွေ့နေတယ်ဆိုပြီး မီဒီယာတွေမှာ မကြာခဏ သတင်းတွေတွေ့လာရပါတယ်။

  play


ဖိုဘီဟာ ဆွဲဆောင်မှုပြင်းတဲ့သွင်ပြင် စူးရှထူးခြားတဲ့မျက်ဝန်းအစုံတို့ကြောင့် နာမည်ကြီး မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ မကြာခဏ ဖော်ပြခြင်းခံရသလို ပရိသတ်တွေရဲ့အားပေးမှုတွေ ဆက်တိုက်ရရှိနေတဲ့ မင်းသမီးဖြစ်ပါတယ်။ မင်းသမီးချောလေး ဖိုဘီကို ၁၉၈၉ ခုနှစ် ဇူလိုင် ၁၂ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ