International Celebrity: Victoria’s Secret Fashion Show ကို တရုတ်နိုင်ငံမှာ ပြုလုပ်မည်

ရှန်ဟိုင်းမှာ ပြုလုပ်သွးမှာပါ။

ယခုနှစ် Victoria’s Secret Fashion Show ပြုလုပ်မယ့် နေရာ၊ အချိန်နဲ့ ပါဝင်မယ့် မော်ဒယ်တွေစာရင်းကို သိရှိရပါပြီ။

နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဖက်ရှင်ရှိုးတစ်ခုဖြစ်တဲ့ Victoria’s Secret Fashion Show ကို ရှန်ဟိုင်းမြို့မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်ပြီး မော်ဒယ် ၅၀ ခန့်က Victoria's Secret ရဲ့ အတွင်းခံအသစ်တွေကို ဝတ်ဆင်ပြသွားမှာပါ။

play

 

“Ni hao, China! This year’s #VSFashionShow is headed to Shanghai. Watch it Nov 28, 10/9C on @CBS. (sic)” လို့ Victoria’s Secret ရဲ့ တရားဝင် တွစ်တာအကောင့်မှာ ရေးထားတာတွေကို တွေ့ရပါတယ်။

Victoria's Secret ရဲ့ ၂၀၁၇ ရှိုးပွဲမှာ ပါဝင်မယ်လို့ အသက် ၂၂ နှစ်အရွယ် စူပါမော်ဒယ် ဂျီဂျီဟက်ဒီးကလည်း ဖွင့်ဟခဲ့ပြီးပါပြီ။

မနှစ်က Victoria's Secret ရှိုးမှာ သူမပါဝင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေရင်း ဒီနှစ်မှာလည်း ပါဝင်မှာဖြစ်ကြောင်း ဂျီဂျီက သူမရဲ့အင်စတာဂရမ်ကနေ ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

၂၀၁၆ ခုနှစ်ကစတင်လို့ Victoria's Secret ရဲ့မော်ဒယ်ဖြစ်လာတဲ့ ဂျီဂျီရဲ့ညီမငယ် ဘယ်လာဟက်ဒီးကလည်း Victoria's Secret ဖက်ရှင်ရှိုးအတွက် စိတ်လှုပ်ရှားနေပြီဖြစ်ကြောင်း အင်စတာဂရမ်ကနေ ပြောခဲ့ပါတယ်။

စူပါမော်ဒယ်များဖြစ်တဲ့ အလက်ဇန္ဒားအမ်ဘရိုစီယို၊ အန်ရီယာနာလိုင်မာ၊ လီလီအဲဒရက်ဂ်ျတို့အပြင် မကြာသေးမီကမှ ကလေးမီးဖွားပြီဖြစ်ကြတဲ့  ဘက်ဟာတီပရင်စလိုနဲ့ ကန်ဒစ်ဆွန်းနီပိုးလ်တို့ကိုလည်း Victoria's Secret ရဲ့ရှိုးပွဲစင်မြင့်ပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play

 

Victoria's Secret ဖက်ရှင်ရှိုးဟာ ကမ္ဘာပေါ်မှာ ဂုဏ်သတင်းအကြီးဆုံး ဖက်ရှင်ရှိုးကြီးဖြစ်ပြီး စူပါမော်ဒယ်များစွာ ပါဝင်ပြီး နှစ်စဉ် ကျင်းပတဲ့ ဖက်ရှင်ရှိုးကြီးလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ဖက်ရှင်ရှိုးပွဲက ပါရီမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

Source : the Sun

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ