International Celebrity: နာမည်ကြီး Victoria's Secret မော်ဒယ် ညိုချောလေး

ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ အခြား လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ကူညီလေ့ရှိပါတယ်။

  play


ကမ္ဘာ့ဈေးအကြီးဆုံး မော်ဒယ်တွေထဲက တစ်ယောက်ဖြစ်တဲ့ မော်ဒယ်ချော ဂျုန်းစမောဟာ ပွာတိုရီကိုမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကကို ၂၀၁၀ နောက်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

play


အချိန်တိုအတွင်းမှာတင် Chanel, Prada, Gucci, Tom Ford, Versace, Louis Vuitton နဲ့ အခြားနာမည်ကြီး ဖက်ရှင် အမှတ်တံဆိပ်တွေရဲ့ ရှိုးတွေမှာ ပါဝင်လျှောက်လှမ်းခွင့် ရတဲ့အထိ အောင်မြင်လာခဲ့သူပါ။

play


ဒါ့အပြင် သူမက Victoria's Secret ရဲ့မော်ဒယ်လည်း ဖြစ်ခဲ့ပါသေးတယ်။ ဂျုန်း ဟာ Vogue, Elle, GQ နဲ့ တခြားနာမည်ကြီး Magazine တွေမှာလည်း မကြာခဏ ဖော်ပြခြင်းခံရပြီး မော်ဒယ်အချင်းချင်းပင် သဘောကျ နှစ်ခြိုက်ခြင်းခံရသူလည်း ဖြစ်ပါတယ်။

play


ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ အခြား လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ကူညီလေ့ရှိပါတယ်။ ဂျူန်းဟာ နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ ရှိပါတယ်။

play


ညိုညက်တဲ့ အသားအရေနဲ့ မော်ဒယ်အချောအလှ ဂျုန်းကို ၁၉၈၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ