International Celebrity: စတယ်လာမက်စ်ဝဲလ်ရဲ့ Victoria's Secret အတွင်းခံကြော်ငြာသစ်

သူမဟာ ကမ္ဘာ့အလန်းဆုံးအမျိုးသမီးအဖြစ် မကြာသေးခင်ကမှ သတ်မှတ်ခံခဲ့ရသူပါ။

play

 

မကြာသေးမီက Maxim မဂ္ဂဇင်းက ကမ္ဘာ့အလန်းဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့တဲ့ စတယ်လာမက်စ်ဝဲလ်ဟာ Victoria's Secret ရဲ့ Dream Angles အတွင်းခံစုစည်းမှုအတွက် ကြော်ငြာသစ်ရိုက်လိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် မော်ဒယ်မလေးဟာ အတွင်းခံဒီဇိုင်းသစ်တွေနဲ့အတူ သူမရဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပြသသွားခဲ့ပါတယ်။

play

 

ကမ္ဘာ့ဆက်စီအကျဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံထားရသော်လည်း သူမဟာ နာမည်မကျော်ကြားခင်က တခြားမိန်းကလေးတွေလိုပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလို ခံစားရခဲ့ဖူးကြောင်းလည်း ဝန်ခံခဲ့ဖူးပါတယ်။

play

 

"လူတိုင်းဟာ ငယ်ရွယ်စဉ်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိခြင်းကို ခံစားရမယ်လို့ထင်တယ်။ အားလုံး ဒီခန္ဓာကိုယ်ထဲကနေ ရင့်ကျက်လာကြတာပါပဲ။ ကျွန်မလည်း အတူတူပါပဲ။ ဒါဟာ ကျွန်မတို့အားလုံး ဖြတ်ကျော်ရမယ့်အရာတစ်ခုပါ" လို့ သူမက ပြောပါတယ်။

"ကိုယ့်အကြောင်းကိုယ် အများကြီး သင်ယူနိုင်လိုက်လို့ ဒီလို ဖြတ်ကျော်ရတာ အရမ်းကောင်းပါတယ်" စတယ်လာက ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ