International Celebrity: ပါးလွှာတဲ့ ကိုယ်လုံးလေးကို ထိန်းသိမ်းပုံကို ပြောပြခဲ့တဲ့ Victoria's Secret မော်ဒယ်

ဘရစ်ဂက်မက်ကွန်က သူမရဲ့စားသောက်မှုပုံစံကို ပြောပြခဲ့ပါတယ်။

play

 

Victoria's Secret မော်ဒယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ကူလှဘူးဆိုတာ လူတိုင်းအသိပါ။

အတွင်းခံကုမ္ပဏီ Victoria's Secret ရဲ့ လှပတဲ့ မော်ဒယ်တွေနဲ့ နှစ်စဉ်ပြုလုပ်တဲ့ ဖက်ရှင်ရှိုးဟာ အရမ်း နာမည်ကြီးလှပါတယ်။ မော်ဒယ်လ်အားလုံးဟာ ယင်းကုမ္ပဏီက ထုတ်တဲ့ အတွင်းခံတွေကို ဝတ်လို့ သူတို့ရဲ့ပြစ်မျိုးမှဲ့မထင် ကိုယ်လုံးအလှကို အမြဲတမ်း ပြခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် Victoria's Secret မော်ဒယ်လေး ဘရစ်ဂက်မက်ကွန်ဟာလည်း VS ရှိုးနှစ်ခုမှာ ပါဝင်ခဲ့ရပြီး ယခုလည်း ၂၀၁၆ ဖက်ရှင်ရှိုးအတွက် ပြင်ဆင်နေပါတယ်။

play

 

"ကျွန်မစားသောက်တဲ့ပုံစံနဲ့ စားသောက်တဲ့အရာတွေကို အမြဲတမ်း ဂရုစိုက်တယ်" လို့ သူမက ဆိုပါတယ်။

play

 

"အမြဲတမ်း သန့်ရှင်းတဲ့အစားအစာကို စားတယ်။ အချိုပွဲတွေ၊ သကြားတွေနဲ့ ကစီဓာတ်များတဲ့ အစားအစာတွေကို ရှောင်တယ်။ ရှိုးပွဲနီးရင် ရေအများကြီးသောက်တယ်၊ ပရိုတင်းဓာတ်များတဲ့ ဖျော်ရည်တွေနဲ့ အရွက်တွေကိုလည်း စားတယ်။ ကျွန်မက ချက်ပြုတ်ရတာ ကြိုက်တော့ ကျွန်မကိုယ်တိုင် ချက်ဖြစ်တာများတယ်" လို့ သူမက စားသောက်ပုံကို ပြောပြါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ