International Celebrity: အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားခံရမှာ ကြောက်နေတဲ့ Victoria's Secret

အခုထိ ပါရီက ဖက်ရှင်ရှိုးပွဲ ကျင်းပမယ့်နေ့ကို မပြောသေးပါဘူး။

play

 

ပါရီမှာ ကျင်းပမယ့် Victoria's Secret ရဲ့ ၂၀၁၆ ဖက်ရှင်ရှိုး ကျင်းပနေချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာမှာကို ကုမ္ပဏီက စိုးရိမ်နေတယ်လို့ သိရပါတယ်။

နွေဦးရာသီမှာ ကျင်းပမယ့် သူတို့ရဲ့ နှစ်စဉ်ရှိုးပွဲနေရာကို အတွင်းခံကုမ္ပဏီကြီး Victoria's Secret က အကြမ်းဖက်သမားတွေရဲ့ရန်ကို ကြောက်လို့ မကြေညာသေးဘူလို့ သိရပါတယ်။

play

 

Victoria's Secret က ဖက်ရှင်ရှိုးကျင်းပမယ့်နေရာကို သတ်မှတ်ထားတာ ကြာပြီဖြစ်ပေမဲ့ လျှို့ဝှက်ထားတာဖြစ်တယ်လို့ TMZ သတင်းဌာနက ဆိုပါတယ်။

နှစ်စဉ် နာမည်ကြီးဆယ်လီတွေ တက်ရောက်တဲ့ ယင်းရှိုးပွဲကြီးကို ဒီဇင်ဘာလမှာ ကျင်းပမှာ ဖြစ်ပါတယ်။

play

 

VS ရဲ့ အရာရှိတွေက ရှိုးပွဲလုံခြုံရေးအတွက် ပြင်သသစ်အမျိုးသားလုံခြုံရေးအေဂျင်စီနဲ့လည်း ပူးတွဲလုပ်ဆောင်နေတယ်လို့သိရပါတယ်။

play

 

VS ရှိုးတွေကို ပုံမှန်အားဖြင့် နယူးယော့ခ်မှာ ကျင်းပလေ့ရှိပေမဲ့ ၂၀၁၄ ခုနှစ်မှာ လန်ဒန်နဲ့ ၂၀၀၀ ပြည့်နှစ်မှာတော့ ပြင်သစ်နိုင်ငံ၊ ကိန်းမြို့တို့မှာ ကျင်းပခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ