International Celebrity: Victoria's Secret ရှိုးပွဲအတွက် ပြင်ဆင်နေကြတဲ့ ဂျီဂျီနဲ့ ဘယ်လာ

, updated

ညီအစ်မနှစ်ယောက် အပြိုင်လှနေကြပါတယ်။

play

 

Victoria's Secret ရှိုးပွဲဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး မော်ဒယ်ရှိုးတစ်ခု ဖြစ်ပါတယ်။

play

 

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေမှာ ကျင်းပမယ့် ဒီပွဲအတွက် စူပါမော်ဒယ်တွေဖြစ်တဲ့ ဘယ်လာနဲ့ ဂျီဂျီဟက်ဒီးတို့နှစ်ယောက်မှာလည်း စိတ်လှုပ်ရှားနေကြမှာ သေချာပါတယ်။

အစ်မဖြစ်သူ ဂျီဂျီဟက်ဒီးက VS ရှိုးမှာ မနှစ်က စတင်လျှောက်လှမ်းခဲ့တာဖြစ်ပြီး ညီမဖြစ်သူ ဘယ်လာကတော့ ယခုနှစ်မှ စတင်ပါဝင်ရတာ ဖြစ်ပါတယ်။

play

 

ပါရီမြို့မှာ ကျင်းပမယ့် ရှိုးပွဲဟာ VS ရဲ့ ၂၁ နှစ်မြောက် ရှိုးပွဲဖြစ်ပြီး ၁၉၉၅ ခုနှစ်က နယူးယော့ခ်မှာ စတင်ခဲ့တဲ့ VS ရဲ့မော်ဒယ်ရှိုးတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမို ကြီးကျယ်ခမ်းနားလာခဲ့ပြီး နာမည်လည်း ပိုရလာခဲ့ပါတယ်။

play

 

VS ရှိုးမှာ လျှောက်ခွင့်ရသူတိုင်းဟာ စူပါမော်ဒယ်တန်းဝင်သွားကြတာ ဖြစ်တဲ့အတွက် ဒီရှိုးပွဲကို လျှောက်ခွင့်ရဖို့ဆိုတာ မော်ဒယ်တွေရဲ့အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ