International Celebrity: Victoria's Secret ဖက်ရှင်ရှိုးလျှောက်ပြီးနောက် သားသမီးတွေကို အချိန်ပြန်ပေးနေတဲ့ အလက်ဇန္ဒရားအမ်ဘရိုစီယို

သမီး အန်ဂျာနဲ့ သား နိုအာတို့ကို The Grove က ဆန်တာနဲ့ တွေ့ဖို့ ခေါ်သွားပေးနေတာပါ။

play

 

ပါရီမြို့မှာ ကျင်းပတဲ့ Victoria's Secret ဖက်ရှင်ရှိုးမှာ အတွင်းခံလေးနဲ့ စင်မြင်ပေါ်မှာ ဟန်ပါပါ လျှောက်လှမ်းခဲ့တဲ့ စူပါမော်ဒယ် အလက်ဇန္ဒရားအမ်ဘရိုစီယိုကို လော့ဆန်းဂျလိစ်မှာ ကလေးနှစ်ဦးလက်စွဲပြီး လမ်းလျှောက်လာတာကို မြင်တွေ့ရပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် အလက်ဇန္ဒရားဟာ အသက် ၈ နှစ်အရွယ် သမီး အန်ဂျာနဲ့ အသက် ၄ နှစ်အရွယ် သား နိုအာတို့ကို The Grove က ဆန်တာနဲ့ တွေ့ဖို့ ခေါ်သွားပေးနေတာပါ။

play

 

အသက် ၁၅ နှစ်အရွယ်ကတည်းက မော်ဒယ်လုပ်လာတဲ့သူမဟာ သူမရဲ့ခင်ပွန်းလောင် ဂျေမီမက်ဇာနဲ့ ၂၀၀၈ ခုနှစ်ကတည်းက စေ့စပ်ထားတာဖြစ်ပြီး ကလေးနှစ်ဦးထွန်းကားလာတာပါ။

play

 

ဘရားဇီးမော်ဒယ်မလေးဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ ဖက်ရှင်ရှိုးမှာ လျှောက်လှမ်းခဲ့ပြီးနောက် အယ်လ်အေကို ပြန်ရောက်နေတာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ