play

 

အကိတ်မော်ဒယ်တွေထဲက နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ အက်ရှလေဂရေဟမ်ဟာ Victoria's Secret ဖက်ရှင်ရှိုးမှာ အကိတ်မော်ဒယ်တွေကို သုံးစေချင်တယ်လို့ ဆိုလာပါတယ်။ သူမအနေနဲ့လည်း Victoria's Secret ကုမ္ပဏီဘက်က ကမ်းလှမ်းလာတာကို အတော်လိုလားနေပုံပါပဲ။

 

TMZ နဲ့ အင်တာဗျူးပြုလုပ်စဉ်က Victoria's Secret အနေနဲ့ အကိတ်မော်ဒယ်တွေကို သုံးသင့်သလားဆိုပြီး သူမရဲ့ယူဆချက်ကို မေးမြန်းရာမှာ " ဒါပေါ့၊ သုံးသင့်တာပေါ့။ ကျွန်မဆိုလိုတာက Victoria's Secret က ကျွန်မကိုဖုန်းဆက်ပြီး ရှိုးပွဲမှာလျှောက်ဖို့ပြောလာရင် ကျွန်မကတော့ ရက်စ်လို့ ပြောလိုက်မှာပဲ။ အဲဒီအချိန်ရောက်ပြီလေ" လို့ ဖြေကြားသွားခဲ့ပါတယ်။

play

 

အက်ရှလေကိုယ်တိုင်ကလည်း အတွင်းခံတွေ ထုတ်လုပ်နေသူဖြစ်ပြီး အတွင်းခံရှိုးတွေမှာ လျှောက်နေရသူတစ်ဦးဖြစ်ပါတယ်။ Victoria's Secret ရှိုးပွဲမှာလျှောက်ခွင့်ရဖို့ဆိုတာကလည်း မော်ဒယ်တိုင်း ဆန္ဒရှိနေတဲ့အရာဖြစ်ပေမဲ့ သူမလို တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်ပိုင်ရှင်အတွက်တော့ အလှမ်းဝေးနေဆဲပါ။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video