AD
AD
AD

နိုဝင်ဘာ၂၈ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာကျင်းပမယ့် ကမ္ဘာကျော် Victoria's Secret ဖက်ရှင်ရှိုးပွဲမှာ အဆိုတော် ကေတီပယ်ရီဟာ တရုတ်ပြည်က၀င်ခွင့်ပိတ်ပင်လိုက်လို့ ပါဝင်ဖျော်ဖြေခွင့်မရှိတော့ဘူးလို့သိရပါတယ်။

play

 

အကြောင်းရင်းကတော့ ကေတီဟာ ၂၀၁၅ခုနှစ်က ထိုင်ဝမ်မှာ ပြုလုပ်ခဲ့ဖူးတဲ့ဖျော်ဖြေပွဲတုန်းက အရမ်းမျက်စိနောက်စရာကောင်းပြီး စူးရှတောက်ပတဲ့ဝတ်စုံတွေနဲ့ဖျော်ဖြေဖူးတာကို သဘောမကျလို့ပိတ်ပင်တာလို့ဆိုပါတယ်။ ပိုဆိုးတာက အဲ့ဒီ့တုန်းက သူမဟာ နေကြာပန်းပုံဝတ်စုံကို အလှပြ၀တ်ဆင်ခဲ့တာဖြစ်ပြီး နေကြာပန်းဆိုတာ တရုတ်နိုင်ငံကိုဆန့်ကျင်တဲ့အဖွဲ့တချို့ရဲ့ အမှတ်အသားဖြစ်နေတာကြောင့်လို့လည်း ဆိုပါတယ်။

ကေတီရဲ့တာဝန်ရှိသူတွေအဆိုအရ 'အစကဗီဇာပေးပြီးသားပါ။ ပြီးတော့မှတချို့အချက်အလက်တွေကြောင့် ပယ်ချလိုက်တာ' လို့ ပြောထားပါတယ်။

play

 

Victoria's Secret ဖက်ရှင်ရှိုးပွဲဟာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ လူကြိုက်များတဲ့ကမ္ဘာကျော်ဖက်ရှင်ရှိုးပွဲဖြစ်ပြီး ပွဲတိုင်းမှာ နာမည်ကြီးအဆိုတော်တွေကိုဖိတ်ကာ ဖျော်ဖြေမှုတွေပြုလုပ်လေ့ရှိတဲ့ပွဲလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ လေဒီဂါဂါ၊ The Weeknd နဲ့ ဘရူနိုမားစ်တို့ပါဝင်ခဲ့ပြီး  ဒီနှစ်မှာတော့ ဒီပွဲအတွက် အဆိုတော် ဟယ်ရီစတိုင်လ်တစ်ယောက်သာ ပါဝင်ဖို့သေချာနေသေးတယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD