International Celebrity: ကာလီကလော့စ် မပါတော့တဲ့ Victoria's Secret Show

ဒီနှစ်တော့ ပြန်ပါလာလိမ့်မယ်လို့ ထင်ခဲ့မိတာပါ။

play

ကမ္ဘာကျော် အမျိုးသမီးဖက်ရှင်အမှတ်တံဆိပ် Victoria's Secret က နှစ်စဉ်နှစ်တိုင်း ပြုလုပ်တဲ့ အမျိုးသမီးအတွင်းခံဖက်ရှင်ရှိုးမှာ နတ်သမီးအဖြစ်နဲ့မြင်ခဲ့ရတဲ့ ကာလီကလော့စ်ကို ဒီနှစ်မှာ မြင်ရဖို့မရှိပါဘူး။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်မယ့် ရှိုးပွဲမှာ ပါဝင်မှာမဟုတ်ကြောင်းကိုလည်း သူမရဲ့ဖေ့စ်ဘွတ်ကတစ်ဆင့် အသိပေးထားပါတယ်။

ကာလီရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ၂၀၁၃ ခုနှစ် VS ရှိုးပွဲက မော်ဒယ်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ပုံတစ်ပုံကိုတင်ထားပြီး သူမအနေနဲ့ ယခုနှစ်မှာ အခြားအလုပ်ကိစ္စရှိလို့ VS ရှိုးပွဲ မပါနိုင်ဘူးလို့ ပြောပါတယ်။ ရှိုးပွဲမှာပါဝင်လျှောက်လှမ်းမယ့် မော်ဒယ်တွေကိုလည်း မိနစ်တိုင်းမှာ ပျော်ရွှင်စေဖို့နဲ့ ကံကောင်းဖို့ကိုလည်း ဆုတောင်းပေးထားပါတယ်။

play
၂၀၁၄ ခုနှစ်က တေလာဆွစ်ရဲ့ဖျော်ဖြေမှုနဲ့အတူ VS စင်မြင့်ပေါ်၌ တွေ့ခဲ့ရစဉ်

 

ကာလီဟာ Victoria's Secret ရှိုးပွဲမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပါဝင်လျှောက်လှမ်းခဲ့သူပါ။ သူမရဲ့ပုံရိပ်ကို VS စင်မြင့်ထက်မှာ ပြန်လည်မြင်လိုကြတဲ့ ပရိသတ်တွေကြောင့် သူမက ဒီနှစ်မှာလည်း မပါဝင်ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်ကတစ်ဆင့် အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။

Source : Karlie Kloss Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ