International Celebrity: Video Music ဆုပေးပွဲမှာ ချစ်သူကို အနမ်းပေးခဲ့တဲ့ အေရီယာနာဂရန်ဒီ

ရက်ပါ မက်ခ်မေလာနဲ့ ချစ်သူတွေဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုလိုက်တဲ့ သင်္ကေတပါပဲ။

play

 

အေရီယာနာဂရမ်ဒီဟာ သြဂုတ်လ ၂၈ ရက်မှာ ကျင်းပတဲ့ MTV Video Music Awards ကို တစ်ဦးတည်း ရောက်လာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူမရဲ့ချစ်သူ ရက်ပါ မက်ခ်မေလာ ရောက်လာခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ကာ အနုပညာရှင်တွေနဲ့ ပြည့်နေတဲ့ ဂီတဆုပေးပွဲမှာ အနမ်းပေးခဲ့ကြပါတယ်။

play

 

ပွဲကို ရောက်လာစဉ်တုန်းကလည်း သူမရဲ့ရည်းစား ဘယ်ရောက်နေလဲဆိုတဲ့ မေးခွန်းကို အေရီယာနာက "အားပေးနေပါတယ်။ ချစ်သူရှိနေပြီဆိုရင် တစ်ယောက်တည်းနေချိန်မှာလည်း အဆင်ပြေပါတယ်" လို့ ဆိုခဲ့ပါတယ်။

play

 

သူတို့ရဲ့ ချစ်ဇာတ်လမ်းကို ကိုယ်တိုင်အတည်ပြုပြီးတဲ့နောက် အေရီယာနာဟာ မက်ခ်နဲ့ တပူးတွဲတွဲရှိနေခဲ့ပါတယ်။

play

 

အေရီယနာရဲ့အစ်ကိုလည်း ရောက်ရှိလာခဲ့ပေမဲ့ သူတို့စုံတွဲဟာ ပွဲတစ်လျှောက်လုံး ပွေ့ဖက် ရယ်မောနေခဲ့ကြတာကို မြင်တွေ့ရပါတယ်။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ