International Celebrity: အီရီနာရှေး ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းကို ဇဝေဇဝါဖြစ်စေတဲ့ Vogue Brazil မျက်နှာဖုံး

သူမရဲ့ဗိုက်သားကို လှစ်ဟပြထားပါတယ်။

play

 

ဟောလိဝုဒ်မင်းသား ဘရက်တလေကူးပါးရဲ့ချစ်သူ စူပါမော်ဒယ် အီရီနာရှေးဟာ ကိုယ်ဝန်ရှိနေပြီလို့ သတင်းတွေ ထွက်ကတည်းက သူမရဲ့ဗိုက်ကို ဖုံးကွယ်ထားခဲ့တာပါ။ ဒါပေမဲ့ Vogue Brazil ရဲ့ ဇန်နဝါရီလထုတ် မဂ္ဂဇင်းမှာတော့ သူမရဲ့ဗိုက်ကို လှစ်ဟပြလိုက်ပါတယ်။

တကယ်တော့ အီရီနာရှေးဟာ Vogue Brazil ရဲ့ ကာဗာနှစ်ခုမှာ ပါဝင်ခဲ့တာပါ။

၂၀၁၇ ဇန်နဝါရီလထုတ်အတွက် ကာဗာမှာတော့ သူမဟာ Crop Top ဆွယ်တာလေးနဲ့ အတွင်းခံဘောင်းဘီဝတ်ကာ ပြားကပ်နေတဲ့ သူမရဲ့ဝမ်းဗိုက်ကို ဖော်ပြထားပါတယ်။

play

 

ဒုတိယကာဗာမှာတော့ သူမဟာ ကာလာစုံပါတဲ့ ရေကူးဝတ်စုံဒီဇိုင်းဆန်းလေးကို ဝတ်ပြထားပါတယ်။

အီရီနာရှေးဟာ ဘရက်တလေကူးပါးရဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီလို့ ဒီဇင်ဘာလဆန်းကတည်းက သတင်းတွေထွက်နေပေမဲ့ ဒီပုံမှာတော့ သူမရဲ့ဗိုက်က သာမန်အတိုင်းပါပဲ။ ဒါမှ ဒီပုံကို ရိုက်ကူးထားတာက ကြာနေပြီလားတော့ မသိပါဘူး။

play

 

ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ အီရီနာရှေးဟာ သူမရဲ့ဗိုက်ကို မပြသဘဲ မိတ်ကပ်မပါတဲ့မျက်နှာနဲ့ ခရစ္စမတ်ကိတ်ကို ကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ထားပါတယ်။

play

 

ပြီးခဲ့တဲ့အပတ်ကတော့ သူမဟာ အင်္ကျီဖားဖားကြီးဝတ်လို့ အတန်ငယ်ပြည့်နေတဲ့ ကိုယ်လုံးနဲ့ မြင်တွေ့ခဲ့ရတာပါ။

play

 

အီရီနာရှေးရဲ့ ကိုယ်စားလှယ်တွေကတော့ သူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ အတည်ပြုပြောကြားခြင်းမရှိသေးသလို သူမရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ စိန်နဲ့မြရောထားတဲ့ လက်စွပ်တစ်ကွင်းရှိနေပေမဲ့ စေ့စပ်တဲ့သတင်းကိုလည်း ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ