International Celebrity: Vogue မဂ္ဂဇင်းအတွက် တောတွင်းသူလေးပုံစံနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ တာဇံမင်းသမီး

မာဂေါ့ရော့ဘီရဲ့ အလန်းစားပုံတွေ ဖြစ်ပါတယ်။

play

 

The Legand of Tarzan ဇာတ်ကား မထွက်ရှိမီ သြစတြေးလျမင်းသမီး မာဂေါ့ရော့ဘီက Vogue အတွက် ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် မင်းသမီးဟာ မလုံ့တလုံ ကျားသစ်ကွက်ဝတ်စုံလေးကို ဝတ်လို့ သူမရဲ့ ရွှေအိုရောင်ဆံကေသာကို နောက်ဘက်မှာ ချလို့ သူမဟာ မရင့်ကျက်သေးတဲ့ မိန်းမပျိုလေးမဟုတ်ဘူးဆိုတာ သက်သေပြလိုက်ပါတယ်။

play

 

သူမပါဝင်သရုပ်ဆောင်ထားတဲ့ The Legand of Tarzan ကတော့ ဇူလိုင်လမှာ ထွက်ရှိတော့မှာပါ။

အဲဒီဇာတ်ကားထဲမှာ ဂျိန်းရဲ့နေရာမှာ သရုပ်ဆောင်ဖို့ သူမ စတင်ကမ်းလှမ်းခံရတုန်းက ခါးခါးသီးသီးဖြစ်ခဲ့တယ်လို့ သူမက Vogue ကို ပြောပြခဲ့ပါတယ်။

play

 

ဒါပေမဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးတဲ့နောက်မှာတော့ မာဂေါ့တစ်ယောက် မငြင်းနိုင်တော့ပါဘူး။

"ထူးခြားဆန်းကြယ်တယ်လို့ ခံစားရတယ်။ ဒီလိုရုပ်ရှင်မျိုး ကျွန်မ မရိုက်ဖူးဘူး" လို့ သူမက ပြောခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ