International Celebrity: Vogue မဂ္ဂဇင်းကြီးရဲ့ အယ်ဒီတာချုပ်ဖြစ်သွားတဲ့ အေမီရှုးမား

, updated

အမျိုးသမီးတွေအနေနဲ့ တစ်ဦးကျွမ်းကျင်မှုကို အခြားတစ်ဦးက မလုပ်နိုင်တာ သဘာဝကျပါတယ်။

play

 

အေမီရှုးမားကို ဟာသသရုပ်ဆောင်အဖြစ်နဲ့သာ သိထားကြပေမဲ့ သူမက ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစ်ခုမှာ အယ်ဒီတာချုပ် ဖြစ်သွားပါတယ်။ မဂ္ဂဇင်းတောင်မှ ကမ္ဘာ့နာမည်အကြီးဆုံးစာရင်းဝင် Vogue မဂ္ဂဇင်းကြီးမှာ အယ်ဒီတာချုပ်လုပ်ခဲ့တာပါ။

play

 

Vogue မဂ္ဂဇင်းရဲ့ အစီအစဉ်တစ်ခုမှာ မဂ္ဂဇင်းအယ်ဒီတာချုပ် အန်နာဝင်းတားနဲ့ အေမီရှုးမားတို့ရဲ့ ပညာပေးသဘောမျိုး တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ တစ်ဦးကျွမ်းကျင်မှုကို အခြားတစ်ဦးက မလုပ်နိုင်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ နင်လုပ်နိုင်တာ ငါလုပ်နိုင်တယ်ဆိုပြီး မာနပြိုင်တဲ့အခါ ဖြစ်တတ်ပုံကို သရုပ်ဖော်ထားကြတာပါ။

play

 

အန်နာက အေမီလုပ်ရမယ့်အလုပ်ကို ကိုယ်စားသွားတဲ့အခါ မလုပ်နိုင်ခဲ့ပါဘူး။ ထိုနည်းတူစွာပဲ အေမီရှုးမားကလည်း အန်နာ့နေရာမှာဝင်ပြီး Vogue အယ်ဒီတာချုပ်လုပ်ပေမဲ့ အဆင်မပြေကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

 

ဒီအစဉ်ကို Vogue ရဲ့ YouTube ရုပ်သံလိုင်းမှာ ဇွန်လ ၁၆ ရက်နေ့က တင်ဆက်ခဲ့ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ