play

 

စက်တင်ဘာလမှာထွက်ရှိလာမယ့် နာမည်ကျော် Vogue မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးရှင်နေရာမှာ ကန်ဒဲလ်ဂျန်နာကို မြင်ရမှာပါ။ ကြာသပတေးနေ့က ကန်ဒဲလ်ရဲ့မျက်နှာဖုံးနဲ့မဂ္ဂဇင်းထွက်မယ့်အကြောင်း Vogue ရဲ့ YouTube မှာ ကာဒါရှီယန်တစ်သိုက်နဲ့ ဖော်ပြခဲ့ပါတယ်။

play

 

အသက် ၂၀ နဲ့ ထိပ်တန်းမော်ဒယ်စာရင်းကို ရောက်လာတဲ့ ကန်ဒဲလ်အတွက် ဗြိတိန် Vogue မှာ ပထမဆုံးအကြိမ် မျက်နှာဖုံးရှင်ဖြစ်ခွင့်ရလာတာ ဖြစ်ပါတယ်။ ထိပ်တန်းအနုပညာရှင်တွေနဲ့ ကမ္ဘာနဲ့ချီနာမည်ကျော်ကြားသူတွေကိုသာ မျက်နှာဖုံးတင်လေ့ရှိတဲ့ Vogue က သူမကိုရွေးချယ်လိုက်တာဟာ ကန်ဒဲလ်ကိုချီးမြှင့်မြှောက်စားရာလည်းရောက်ပါတယ်။

play

 

ဓာတ်ပုံရိုက်ဖို့အတွက် မဂ္ဂဇင်းရဲ့အလိုကျ သူမရဲ့ဆံနွယ်ရှည်တွေကိုလည်း ဖြတ်လိုက်ရပါသေးတယ်။ ဒါပေမဲ့ ဒီဇိုင်းသစ်က သူမကို ပိုပြီးဆွဲဆောင်မှုကောင်းသွားစေတာတော့အမှန်ပါ။

play

 

ကန်ဒဲလ်ရဲ့ မျက်နှာဖုံးအတွက် ကာဒါရှီယန်တစ်သိုက်က ဂုဏ်ပြုပွဲအသေးစားလေးတောင် လုပ်ပေးကြပါသေးတယ်။ သူမကတော့ ပီတိဖြာလို့ကို မဆုံးတော့ပါဘူး။ သူမ လေးစားချစ်ခင်ရတဲ့လူတွေနဲ့ တူညီတဲ့နေရာမှာ ခြေချလာနိုင်ခြင်းဟာ သူမရဲ့ဝမ်းသာမျက်ရည်တွေ ဖြစ်ပေါ်လာစေတဲ့အထိပါပဲလို့ လူမှုကွန်ရက်တွေပေါ်မှာ တက်ရေးခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video