International Celebrity: Vogue အတွက် ရိုက်ကူးခဲ့တဲ့ ကန်ဒဲလ်ဂျန်နာရဲ့ အလန်းစားပုံသစ်

, updated

ပုံသစ်တွေကို ထပ်မံဝေမျှလိုက်တာဖြစ်ပါတယ်။

play

 

Vogue မျက်နှာဖုံးအတွက် သူမရိုက်ကူးခဲ့တဲ့ပုံတွေထဲမှာ အလန်းတကာ့အလန်းဆုံး ပုံကိုမှ ကန်ဒဲလ်က ချန်ထားခဲ့တာပါ။

အခုမှ ကန်ဒဲလ်က အင်စတာဂရမ်ကနေ မျှဝေလိုက်တဲ့ ဓာတ်ပုံထဲမှာ သူမဟာ အနက်ရောင် ဆက်စီဘီကီနီနဲ့ ခါတိုင်းထက် ပိုပြီး ဆွဲဆောင်မှုကောင်းနေတာကို မြင်တွေ့ရပါတယ်။

play

 

"မထုတ်ရသေးသော" လို့ စာတပ်ထားတဲ့ အဲဒီဓာတ်ပုံကို ကန်ဒဲလ်က သူမရဲ့ Follower ၆၄ သန်းကို ပြသခဲ့တာ ဖြစ်ပြီး Like လည်း သန်းချီ ရခဲ့ပါတယ်။

play

အသက် ၁၁ နှစ်အရွယ်ကတည်းက Keeping Up With The Kardashians ရုပ်သံ Reality ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက် မော်ဒယ်လောကထဲကို ဝင်ရောက်ခဲ့ပြီး Victoria's Secret မော်ဒယ်လည်း ဖြစ်လာခဲ့သူပါ။

play

အခုလိုနေရာအထိရောက်အောင် အဆင့်ဆင့်တက်လှမ်းခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ကန်ဒဲလ်ဟာ Vogue မဂ္ဂဇင်းကာဗာပေါ်မှာ သူမပုံကို ပထမဆုံးမြင်တွေ့ရတာ ငိုတောင် ငိုမိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အခုဆိုရင် ကန်ဒဲလ်ဟာ စူပါမော်ဒယ်တစ်ယောက်အဖြစ် မော်ဒယ်လောကမှာ ခေါင်းမော့ရပ်တည်နေနိုင်နေပါပြီ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ