International Celebrity: ရီယိုမှာရိုက်ကူးရေးလုပ်နေတဲ့ VS မော်ဒယ်လေးနှစ်ဦး

ပွဲတွေမှာ ကျော့ကျော့မော့မော့လေး လျှောက်လှမ်းနေကြ စူပါမော်ဒယ်နှစ်ဦးဟာ သဲသောင်ပြင်မှာ အားကစားလုပ်နေကြပါပြီ။

play

 

ရီယိုအိုလံပစ်နဲ့အတူ နောက်ထပ်ကြည့်ရှုစရာတစ်ခုကတော့ Victoria's Secret ရဲ့ နာမည်ကျော်မော်ဒယ်လေးနှစ်ဦးပါ။ အိုလံပစ်ဂိမ်းတွေအကြောင်းကို သူတို့က ရိုက်ကူးရေးလုပ်နေကြတာဖြစ်ပါတယ်။

play

 

ဘရာဇီးမော်ဒယ် အလက်ဇန္ဒြား အမ်ဘရိုစီယိုနဲ့ အက်ဒရီယာနာ လီမာတို့က NBC ရုပ်သံလိုင်းရဲ့ အစီအစဉ်တင်ဆက်သူ ရွိုင်ယန်နဲ့အတူ ရီယိုဒီဂျန်နေးယိုးရဲ့ကမ်းခြေမှာ ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။ အနက်ရောင်ဘီကီနီလေးကို ဝတ်ထားတဲ့ အလက်ဇန္ဒြားက ဘရာဇီးအလံကို ကိုင်ဆောင်ကာ ပေါ့ပါးတဲ့အသွင်နဲ့ မြင်ရပါတယ်။

play

 

အက်ဒရီယာနာကတော့ သံပရာစိမ်းရောင် တောက်ပတဲ့ ဘီကီနီကို အားကစားဘောင်းဘီတိုလေးနဲ့ တွဲဖက်ဆင်မြန်းထားပါ။ ကျစ်စာမြီးလေးနှစ်ဖက်ကို ကျစ်ထားပုံကလည်း ဆယ်ကျော်သက်လေးလိုပါပဲ။

play

 

Victoria's Secert အတွင်းခံရှိုးပွဲတွေမှာ ကျော့ကျော့မော့မော့လေး လျှောက်လှမ်းနေကြ စူပါမော်ဒယ်နှစ်ဦးဟာ ဒီတစ်ကြိမ်မှာတော့ သဲသောင်ပြင်မှာ ရက်ကတ်ရိုက်နေခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

Source : Splash News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ