AD
AD
AD
play

 

ပါရီမှာ ပြုလုပ်မယ့် Victoria's Secret ဖက်ရှင်ရှိုးပွဲမှာ စူပါမော်ဒယ်လေး ဂျီဂျီဟက်ဒီးဟာ ဒီနှစ်မှာလည်း ပါဝင်လျှောက်လှမ်းခွင့်ရဦးမှာ ဖြစ်ပါတယ်။ အလန်းတကာ့ အလန်းဆုံးတွေကိုသာ ရွေးချယ်လျှောက်လှမ်းစေတဲ့ VS ရှိုးမှာ ဂျီဂျီဟာ ယမန်နှစ်ကမှ စတင်လျှောက်ခွင့်ရခဲ့တာပါ။

play

 

ဒီနှစ်ရှိုးပွဲမှာတော့ ညီမငယ် ဘယ်လာဟက်ဒီးကလည်း ဝင်ခွင့်အောင်သွားလို့ ပထမဆုံးအကြိမ် ပါဝင်လျှောက်ခွင့်ရသွားပါပြီ။ အလှပဂေး ဟက်ဒီးညီအစ်မကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်မယ့် ရှိုးပွဲမှာ မြင်ရတော့မှာ ဖြစ်ပါတယ်။

play

 

ယခုနှစ် VS အတွင်းခံရှိုးပွဲမှာလည်း ထပ်မံပါဝင်ခွင့်ရတဲ့အတွက် ပီတိဖြာပြီးအူမြူးနေရပါတယ်လို့ ဂျီဂျီက သူမရဲ့အင်စတာဂရမ်ပေါ်မှာ ရေးထားတာလည်း တွေ့ရပါတယ်။

Source : Gigi Hadid Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD