International Celebrity: VS ရှိုးအတွက် ကြိုးကြိုးစားစား လေ့ကျင့်နေတဲ့ ဘယ်လာဟက်ဒီး

အခါကြီးရက်ကြီးမှာတောင် သူမရဲ့လေ့ကျင့်မှုကို မနားခဲ့ပါဘူး။

play

ဒီဇင်ဘာ ၅ ရက်ရောက်ဖို့ နီးကပ်လာတာနဲ့အမျှ ဘယ်လာဟက်ဒီးဟာ သူမရဲ့ကိုယ်ခန္ဓာကို လှသထက်လှအောင် ပိုပြီးလေ့ကျင့်ပေးနေပါတယ်။

ယခုနှစ် Victoria's Secret အမျိုးသမီးအတွင်းခံဖက်ရှင်ရှိုးမှာ သူမက ပထမဆုံးအကြိမ် ပါဝင်လျှောက်လှမ်းခွင့်ရမှာပါ။ ကျေးဇူးတော်နေ့လို အခါကြီးရက်ကြီးမှာတောင် သူမရဲ့လေ့ကျင့်မှုကို မနားခဲ့ပါဘူး။


စနေနေ့မှာလည်း သူမရဲ့ ကိုယ်ခန္ဓာ ပိုသွယ်လျလှပလာပုံကို အင်စတာဂရမ်ပေါ်မှာ တင်ထားပါတယ်။ " မောနင်း ပါရီအတွက် စိတ်လှုပ်ရှားနေတယ်" လို့ သူမက ရေးသားထားတာ တွေ့ရပါတယ်။

Source : Bella Hadid Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ