AD
AD
AD

ကန်ဒဲလ်ဂျန်နာဟာ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး ထိပ်တန်းမော်ဒယ်စာရင်းဝင် ဖြစ်လာပြီးနောက် ယခုနှစ် Victoria's Secret အတွင်းခံဖက်ရှင်ရှိုးမှာပါ ထပ်မံလျှောက်လှမ်းရဦးမှာ ဖြစ်ပါတယ်။

 

ဒီဇင်ဘာ ၅ ရက်နေ့ ပါရီမှာ ပြုလုပ်မယ့် ရှိုးပွဲကို ပါဝင်မယ့်အကြောင်း သူမရဲ့ လူမှုကွန်ရက်တွေပေါ်ကတစ်ဆင့် အသိပေးထားတာ တွေ့ရပါတယ်။ ဘယ်လာဟက်ဒီး၊ ဂျုန်းစမော၊ လီလီဒေါ်နယ်လ်ဆန်တို့နဲ့အတူ VS မော်ဒယ်တွေကို တင်ဆောင်လာတဲ့ လေယာဉ်ကြီးရှေ့မှာ ကန်ဒဲလ်က ဓာတ်ပုံရိုက်ထားခဲ့တာဖြစ်ပါတယ်။

play


ယခုနှစ် VS ရှိုးဟာ သူမအတွက် ဒုတိယမြောက် ပါဝင်လျှောက်လှမ်းရတာလည်း ဖြစ်လာမှာပါ။ ၂၀၁၅ ဒီဇင်ဘာမှ ပထမဆုံးအကြိမ် VS ရှိုးကို လျှောက်လှမ်းခဲ့တာဖြစ်ပြီး ပရိသတ်တွေ အားရကျေနပ်မှုကိုလည်း ရရှိခဲ့ပါတယ်။

Source : Marie Claire

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD