play

 

Victoria's Secret ဖက်ရှင်ရှိုးမှာ ယခုနှစ်မှ စတင်လျှောက်လှမ်းရတဲ့ ဘယ်လာဟက်ဒီးဟာ သူမရှိုးလျှောက်စဉ် ချစ်သူဟောင်း The Weeknd သီချင်းဆိုမှာ ဖြစ်ပေမဲ့ သူတို့နှစ်ဦးကြားမှာ ဘာမှ ထူးထူးခြားခြား ဖြစ်စရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။

play

 

ဒါပေမဲ့ အသက် ၂၆ နှစ်အရွယ်အဆိုတော် The Weeknd ဟာ ပါရီမြို့ရှိ Grand Palais ရဲ့စင်မြင်ပေါ်မှာ သီဆိုဖျော်ဖြေစဉ် ရည်းစားဟောင်း ဘယ်လာရဲ့နောက်ပိုင်းအလှကို မျက်လုံးမခွာနိုင်ဖြစ်နေတာကို မြင်တွေ့ရပါတယ်။

play

 

ဒါ့အပြင် သူနဲ့အတူ VS ရှိုးမှာ သီဆိုခဲ့ကြတဲ့ လေဒီဂါဂါ၊ ဘရူနိုမားစ်တို့နဲ့အတူ VS နတ်မိမယ်များစွာနဲ့  ရပ်နေစဉ်မှာလည်း စူပါမော်ဒယ် အလက်ဇန္ဒားအမ်ဘရိုစီယိုရဲ့ ရင်သားအလှကို ဟန်တောင်မဆောင်နိုင်ဘဲ အသေအချာလိုက်ပြီး ကြည့်ရှုနေခဲ့တာပါ။

play

 

ကနေဒီယန်အဆိုတော်လေးရဲ့ စူးရဲလှတဲ့အကြည့်ကို အလက်ဇန္ဒားကလည်း ရိပ်မိပြီး သူ့ကိုကြည့်ကာ ရယ်မောနေခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video