International Celebrity: Walk of Fame မှာ ဂုဏ်ပြုခံရတဲ့ ရိုင်ယန်ရေးနိုးစ်ကို ဟုဂျက်ခ်မန်းလှောင်ပြောင်

သူ့ကြယ်ပွင့်ပေါ်မှာ အပေါ့စွန့်လို့ရပါတယ်....

 

Deadpool မင်းသား ရိုင်ယန်ရေးနိုးစ်ကို ဟောလိဝုဒ်ရဲ့ အောင်မြင်ခြင်းလမ်းမထက်မှာ ကြယ်တစ်ပွင့်ရေးထိုးပြီး ဂုဏ်ပြုခံရတဲ့အပေါ် တွဲဖက်သရုပ်ဆောင်ဖူးတဲ့ မင်းသားကြီး ဟုဂျက်ခ်မန်းက လူမှုကွန်ရက်ပေါ်ကနေ စနောက်လိုက်ပါတယ်။

" ၂၀၁၀ ခုနှစ်ရဲ့ ဆက်စီအကျဆုံးအမျိုးသားအဖြစ် People မဂ္ဂဇင်းက ငါ့ကိုရွေးချယ်ခဲ့တာကို မင်းမှတ်မိမယ်ထင်ပါတယ်။ အထက်တန်းကျောင်း ဒရာမာသင်ခန်းစာမှာ စာမေးပွဲကျတဲ့လူက ဘယ့်နှယ့်ကြောင့် ဒီလိုအရည်အချင်းတွေ ရှိလာရတာလဲကွ" ဆိုပြီး နောက်ပြောင်ထားသလို အမေရိကန်တွေအနေနဲ့လည်း ရေးနိုးစ်ရဲ့ကြယ်ပွင့်ပေါ်မှာ အပေါ့စွန့်နိုင်ပါကြောင်း ရဲရဲတင်းတင်း ပြောထားပါတယ်။

play

 

ရေးနိုးစ်နဲ့ဟုဂျက်ခ်မန်းတို့ဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ X-Men Orginin : Wolverine မှာ အတူပါဝင်ရင်း မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားကြတာပါ။ ဒီဗီဒီယိုကိုလည်း ရေးနိုးစ်က တင်ခိုင်းလို့ တင်ရတာဖြစ်ကြောင်း ဟုကရေးထားတာ တွေ့ရပါတယ်။

Source : Hugh Jackman Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ