International Celebrity: Willy Wonka သရုပ်ဆောင် ဂျင်းန်ဝဲလ်ဒါ ကွယ်လွန်

သူနေထိုင်ရာ စတမ်းဖို့ကအိမ်လေးမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

play

 

အမေရိကန် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ ဝါရင့်သရုပ်ဆောင်ကြီး ဂျင်းန်ဝဲလ်ဒါဟာ အသက် ၈၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဂျင်းန်ဝဲလ်ဒါဟာ ၁၉၇၁ ခုနှစ်မှာ ပြသခဲ့တဲ့ Willy Wonka & The Chocolate Factory ဇာတ်ကားနဲ့ လူသိများခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ ပြောင်မြောက်စွာသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

play

 

ဂျင်းဝဲလ်ဒါဟာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက အယ်လ်ဇိုင်းမားရောဂါကို အပြင်းအထန်ခံစားနေခဲ့ရတာဖြစ်ပြီး ယခုလည်းအယ်လ်ဇိုင်းမားနဲ့ဆက်နွှယ်တဲ့နာမကျန်းမှုနဲ့ပဲ တနင်္လာမနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ဝဲလ်ဒါရဲ့တူတော်စပ်သူတစ်ဦးက ပြောပါတယ်။

play

ဂျင်းန်ဝဲလ်ဟာ အော်စကာဆုနဲ့ ရွှေကမ္ဘာလုံးဆုတွေရဲ့ လျာထားစာရင်းမှာ နှစ်ကြိမ်စီပါဝင်ခဲ့ဖူးပါတယ်။ အမ်မီဆုတစ်ဆုလည်း ဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ