International Celebrity: Wonder Girls အဖွဲ့ဝင် ရီအွန်းနဲ့ 2AM အဖွဲ့သား ဂျင်ဝန်းတို့ ချစ်ကြိုက်နေကြောင်း အေဂျင်စီအတည်ပြု

JYP အေဂျင်စီလက်အောက်မှာ နှစ်ယောက်လုံး ရှိနေခဲ့ကြစဉ် ခင်မင်ရင်းနှီးရာမှ ချစ်သူတွေဖြစ်သွားခဲ့ကြတာပါ။

play

 

တောင်ကိုရီးယားရဲ့ နာမည်ကျော် မိန်းကလေးအဆိုတော်အဖွဲ့ Wonder Girls ဟာ အခြား နာမည်ကြီး အမျိုးသားအဆိုတော်အဖွဲ့ 2AM နဲ့ ပိုမိုရင်းနှီးစရာ ဖြစ်လာခဲ့ပါပြီ။ Wonder Girls အဖွဲ့ဝင်လေး ရီအွန်းဟာ 2AM အဖွဲ့သား ဂျင်ဝန်းနဲ့ ချစ်ကြိုက်နေကြတာဖြစ်ပါတယ်။

play

 

ဂျင်ဝန်းနဲ့ ရီအွန်းတို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက ချစ်နေကြတာဖြစ်ကြောင်း JYP အေဂျင်စီက အတည်ပြုချက်ပေးခဲ့ပါတယ်။ ယခင်က JYP အေဂျင်စီလက်အောက်မှာ နှစ်ယောက်လုံး ရှိနေခဲ့ကြစဉ် ခင်မင်ရင်းနှီးရာမှ ချစ်သူတွေဖြစ်သွားခဲ့ကြတာပါ။

play

 

ယခုအချိန်မှာ ဂျင်ဝန်းက Mystic အေဂျင်စီနဲ့ စာချုပ် ချုပ်ဆိုလိုက်သည့်တိုင်အောင် အချစ်ရေးက ခိုင်ခိုင်မာမာရှိနေကြပြီး အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ဆောင်နေကြဦးမှာဖြစ်တယ်လို့ ရီအွန်းရဲ့ JYP Entertainment အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ