International Celebrity: အေဂျင်စီနဲ့ စာချုပ်ကိစ္စ ဆွေးနွေးနေရတဲ့ Wonder Girls

ဇန်နဝါရီလဆို စာချုပ်သက်တမ်း ကုန်ဆုံးပါပြီ။

play

 

အမျိုးသမီးကေပေါ့ပ်အဖွဲ့ Wonder Girls ဟာ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး အေဂျင်စီနဲ့ ဆွေးနွေးနေကြပါတယ်။ JYP Entertainment က Wonder Girls အဖွဲ့ကို ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလလယ်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ပါပဲ။

 

အဖွဲ့ဝင်တွေက စာချုပ်သစ်ပြန်လည်ချုပ်ဆိုဖို့ ဆွေးနွေးနေကြတယ်လို့ အေဂျင်စီဘက်က ပြောပါတယ်။ Wonder Girls အဖွဲ့ကို JYP က ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ စတင်ပွဲထုတ်ခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းကတော့ Why So Lonely ဖြစ်ပြီး ဇူလိုင် ၄ ရက်နေ့က ထွက်ခဲ့တာပါ။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ