International Celebrity: X Men ပရော်ဖက်ဆာကြီး

ပရိသတ်တွေကလည်း သူ့ကို ပတ်ထရစ်စတီးဝပ်ဆိုတဲ့ နာမည်ထက် Professor Charles အဖြစ်ပဲ ပိုသိလာခဲ့ပါတယ်။

play


X-Men မင်းသားကြီး ပက်ထရစ်စတီးဝပ်ဟာ အင်္ဂလန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ၁၉၆၆ ခုနှစ်က စတင်ကာ ပညာလောကထဲကို ဝင်ရောက်ခဲ့သူပါ။

play


အစောပိုင်းကာလမှာ အောင်မြင်မှု သိပ်မရရှိခဲ့ပေမယ့် ၁၉၇၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Hedda ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရာကနေပြီး ပရိသတ်တွေရဲ့အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

play


၁၉၉၄မှာတော့ Star Trek Generations ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ၁၉၉၆၊ ၁၉၉၈နဲ့ ၂၀၀၂ ခုနှစ်တို့မှာလည်း Star Trek ရဲ့ နောက်ဆက်တွဲ ဇာတ်ကားတွေမှာ ဆက်လက် သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

play


၂၀၀၀ ခုနှစ်မှာတော့ သူ့ကို ပရိသတ်တိုင်းမျက်လုံးထဲ စွဲနေတဲ့အထိ မှတ်မိသဘောကျခဲ့ရတဲ့ Professor Charles Xavier ဆိုတဲ့ဇာတ်ကောင်နေရာနဲ့အတူ X-Men ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


သရုပ်ဆောင်ပိုင်း ပိုင်နိုင်မှုရော၊ ဇာတ်ကောင်နဲ့ တသားတည်းကျမှုတို့ကြောင့်ပါ ဆက်လက်ထွက်ရှိခဲ့တဲ့ X-Men ရုပ်ရှင်ဇာတ်ကားတွေမှာလည်း Professor Charles Xavier အဖြစ် စတီးဝပ်ပဲ ဆက်လက် သရုပ်ဆောင်ခဲ့ကာ ပရိသတ်တွေကလည်း သူ့ကို ပတ်ထရစ်စတီးဝပ်ဆိုတဲ့ နာမည်ထက် Professor Charles အဖြစ်ပဲ ပိုသိလာခဲ့ပါတယ်။

play


၂၀၁၅မှာတော့ သူ ပါဝင်ထားတဲ့ Green Room ဆိုတဲ့ ထိတ်လန့်သည်းဖို ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့ပြီး ၂၀၁၇မှာ Untitled Wolverine sequel ရုပ်ရှင်ဇာတ်ကားမှာလည်း မင်းသားကြီး စတီးဝပ်ကို မြင်တွေ့ရအုံးမှာပါ။ X-Men မင်းသားကြီး ပက်ထရစ်စတီးဝပ်ကို ၁၉၄၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ