International Celebrity: YouTube ထံက အမှတ်တရလက်ဆောင်ရခဲ့တဲ့ CL

ကောင်းကင်ပေါ်မှာ CL ရဲ့နာမည် ရေးထိုးပေးလိုက်ပါတယ်။

play

 

ဗီဒီယိုတွေကို အွန်လိုင်းပေါ်မှာမျှဝေတဲ့ အကြီးမားဆုံးဝက်ဘ်ဆိုက်ဖြစ်တဲ့ YouTube က တောင်ကိုရီးယားနာမည်ကျော်အဆိုတော်မလေး CL အတွက် လက်ဆောင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

CL ရဲ့ HELLO BI+CHES TOUR 2016 နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်နဲ့ ပတ်သက်ပြီး အွန်လိုင်းမှတစ်ဆင့် အမှတ်တရဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။ နယူးယော့ခ်မြို့တော်မှာ စတင်ခဲ့လို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စာသားနဲ့အတူ ကောင်းကင်ပေါ်မှာ CL ရဲ့နာမည် ရေးထိုးထားတဲ့ ဗီဒီယိုအတိုလေးကို YouTube ရဲ့ အင်စတာဂရမ်အကောင့်မှာ တွေ့ရပါတယ်။

play

 

CL ရဲ့ ဖျော်ဖြေရေးခရီးစဉ်ကို အောက်တိုဘာ ၂၉ ရက်က နယူးယော့ခ်မြို့မှာ စတင်ခဲ့ပြီး အမေရိကနဲ့ ကနေဒါတို့မှာ ၁၄ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ