AD
AD
AD

One Direction အဖွဲ့ဝင်ဟောင်း ဇေးမောလစ်ခ် (Zayn Malik) ကို စမတ်ကျကျ စတိုင်နဲ့ နယူးယော့ခ်လမ်းမပေါ်မှာ မြင်တွေ့ရပါတယ်။

play

 

စောင့်နေတဲ့ကားဆီကို လမ်းလျှောက်သွားနေတဲ့ ဇေးဟာ သူ့ရဲ့ဘောင်းဘီဇစ်ကို မတပ်ထားဖြစ်တာကိုတော့ သိပုံမရပါဘူး။

နယူးယော့ခ်မှာ ချစ်သူ ဂျီဂျီဟက်ဒီး (Gigi Hadid) နဲ့အတူ အချိန်အများစုကို ကုန်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် ဇေးဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ တစ်ယောက်တည်း တွေ့ရပါတယ်။

play

 

သူဟာ ကားနဲ့ မထွက်ခွာသွားမီ ပရိသတ်တွေနဲ့တောင် စကားတွေ ပြောနေခဲ့ပါသေးတယ်။

1D အဖွဲ့က ထွက်ပြီးတဲ့နောက် တစ်ကိုယ်တော် လှုပ်ရှားရင်းလည်း အောင်မြင်မှုရနေတဲ့ ဇေးဟာ စူပါမော်ဒယ် ဂျီဂျီဟက်ဒီးနဲ့လည်း သာယာတဲ့ အချစ်ရေးကို တည်ဆောက်နေသူဖြစ်ပါတယ်။ ရုပ်ရည်ရော၊ ခန္ဓာကိုယ်အချိုးအစားပါ ကြည့်ကောင်းတဲ့ သူတို့စုံတွဲဟာ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲအဖြစ် ပရိသတ်တွေ သတ်မှတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။

play

 

နှစ်ဦးစလုံးဟာလည်း ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တဲ့အတွက် ဖက်ရှင်ရှေ့ဆောင်တွေအဖြစ် အားကျငေးမောခံရသူတွေပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD