Entertainment: ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရသွားတဲ့ Iron Man

Iron Man စတား မင်းသား ရောဘတ် ဒေါင်နေ ဂျူနီယာတစ်ယောက် လွန်ခဲ့တဲ့ နှစ်မူးယစ်ဆေးဝါး အမှုအတွက် ပြစ်ဒဏ်မှ တရားဝင် လွတ်ငြိမ်းချမ်းသာခွင့် ရသွားပြီ ဖြစ်ပါတယ်။

play

 

ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်းက လူ ၉၁ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ရာမှာ မင်းသား ရောဘတ် ဒေါင်နေလည်း ပါဝင်ခဲ့ပါတယ်။

play

 

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရသူတွေဟာ ၁၀ နှစ်ကျော် ကာလအတွင်း ကျူးလွန်ခဲ့ဖူးတဲ့ ပြစ်မှုမျိုး ထပ်မံ မပြုလုပ်ခဲ့ဘဲ ကောင်းမွန်စွာ နေထိုင်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရောဘတ် ဒေါင်နေ အနေနဲ့ မူးယစ်ဆေးဝါး အမှုအတွက် ပြစ်ဒဏ် ချမှတ်ခံရတဲ့ မှတ်တမ်း ရှိနေမှာ ဖြစ်ပေမယ့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တာကြောင့် အမေရိကန် နိုင်ငံသားတစ်ဦးအဖြစ် ဆန္ဒမဲပေးခွင့် ပြန်ရသွားမှာပါ။

play

 

၁၉၉၆ ခုနှစ်တုန်းက ရောဘတ် ဒေါင်နေရဲ့ ကားအတွင်း ကိုကင်း၊ ဘိန်းဖြူနဲ့ ပစ္စတို သေနတ်တစ်လက်ကို ရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကားကို သတ်မှတ် အမြန်နှုန်းထက် ပိုမို မောင်းနှင်နေတဲ့အတွက် ရဲတပ်ဖွဲ့ တားဆီးစစ်ဆေးရင်း ရောဘတ် ဒေါင်နေရဲ့ ကားအတွင်း မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီ အမှုနဲ့ ပတ်သက်ပြီး မင်းသားကို ခံဝန်ချုပ်ဖြင့် လွှတ်ပေးထားခဲ့ပေမယ့် သတ်မှတ်ချက် ဖောက်ဖျက်မှုကြောင့် ၁၉၉၉ ခုနှစ်မှာ အကျဉ်းကျခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်ကတည်းက ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရောဘတ် ဒေါင်နေဟာ Marvel ရဲ့ Iron Man ရုပ်ရှင် ဇာတ်ကားတွဲတွေနဲ့အတူ ဟောလီးဝုဒ်မှာ အောင်မြင်ကျော်ကြားသူဖြစ်ပြီး အော်စကာဆု ဆန်ကာတင်စာရင်းမှာ နှစ်ကြိမ် ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ရောဘတ် ဒေါင်နေရဲ့ ဘဝမှာ အရက်နဲ့ မူးယစ်ဆေးဝါးကြောင့် ပြန်လည် ထူထောင်ရေးစခန်းမှာ အချိန် အတန်ကြာ ကုန်ခဲ့ရဖူးပါတယ်။ ကယ်လီဖိုးနီယားမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက် အချိန်ရောက်တိုင်း ပြစ်ဒဏ် ချမှတ်ခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိပါတယ်။
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ