Entertainment: ဂျနီဖာ လောရင့်စ်ရဲ့ Joy ဇာတ်ကား မိတ်ဆက်ပွဲ ဖက်ရှင်

အချစ်ဟာသ ဇာတ်လမ်းဖြစ်တဲ့ Joy ဇာတ်ကားမှာ ဂျနီဖာ လောရင့်စ်က ဘရက်ဒလေ ကူးပါး၊ ရောဘတ် ဒီနေရိုတို့နဲ့အတူ သရုပ်ဆောင်ထားပါတယ်။

play

 

နယူးယောက်ခ်မှာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၃ ရက်) ညနေခင်းက ပြုလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားသစ် Joy အထူး မိတ်ဆက်ပြသပွဲကို တက်ရောက်လာတဲ့ ဂျနီဖာ လောရင့်စ်ရဲ့ အဖြူရောင်ဝတ်စုံ ကော်ဇောနီဖက်ရှင်က ပရိသတ်တွေ ငေးကြည့်ချင်စရာ ဖြစ်ပါတယ်။

play

 

အချစ်ဟာသ ဇာတ်လမ်းဖြစ်တဲ့ Joy ဇာတ်ကားမှာ ဂျနီဖာ လောရင့်စ်က ဘရက်ဒလေ ကူးပါး၊ ရောဘတ် ဒီနေရိုတို့နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားကို အမေရိကန်မှာ လာမယ့် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ စတင် ရုံတင်ပြသ သွားမှာပါ။

play

 

Joy ဇာတ်ကားဟာ ဂျနီဖာ လောရင့်စ်အတွက် ဒါရိုက်တာ ဒေးဗစ် အို ရပ်ဆဲလ်နဲ့ ရိုက်ကူးတဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပြီး မင်းသား ဘရက်ဒလေ ကူးပါးနဲ့ တွဲဖက်သရုပ်ဆောင်တဲ့ စတုတ္ထမြောက် ဇာတ်ကားဖြစ်ပါတယ်။  ဒီ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဂျနီဖာ လောရင့်စ်ဟာ ရွှေကမ္ဘာလုံးရဲ့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ