Entertainment: ကိုရီးယားစစ်မှုထမ်းအမျိုးသားတွေ ရွေးချယ်လိုက်တဲ့ အမိုက်ဆုံး K-pop အဖွဲ့ (၁၀) ဖွဲ့

ကိုရီးယားစစ်မှုထမ်း အမျိုးသား ၄၆၆ ဦးကို မကြာသေးမီက စစ်တမ်းကောက်ယူခဲ့တဲ့အခါ သူတို့တွေ ရွေးချယ်ကြတဲ့ လတ်တလော အချိန်အတွင်း အမိုက်ဆုံး ကိုရီးယားအဆိုရှင် အမျိုးသမီးအဖွဲ့ (၁၀) ဖွဲ့ဖြစ်ပါတယ်။

၉။ Sistar (၁၇ မဲ)

play

အဖွဲ့နှစ်ဖွဲ့က မဲအရေအတွက်အတူတူနဲ့ နံပါတ် (၉) နေရာကို ပူးတွဲရရှိသွားခဲ့ပါတယ်။

Sistar အဖွဲ့က ကိုရီးယားအမျိုးသမီးအဆိုတော် လေးဦးပါဝင်တဲ့အဖွဲ့ပါ။ နာမည်ရဲ့အဓိပ္ပာယ်က sister နဲ့ star ကို ပေါင်းထားခြင်းဖြစ်ပြီး သူတို့တွေက ညီမတွေလိုပေါင်းစုပြီး ဖျော်ဖြေရေးလောကမှာ ကြယ်တစ်ပွင့်ဖြစ်ဖို့ပါတဲ့။

၉။ Mamamoo (၁၇ မဲ)

play

 

နံပါတ် (၉) နေရာကို ပူးတွဲရရှိသွားတဲ့ နောက်တစ်ဖွဲ့ကတော့ Mamamoo ပါ။

Mamamoo အဖွဲ့မှာလည်း အဖွဲ့ဝင်လေးဦးပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၄ ခုနှစ် ဇွန်လမှာ စတင်ပေါ်ထွက်လာခဲ့တာပါ။

၈။ G-Friend (၁၉မဲ)

play

 

G-Friend ကတော့ ၂၀၁၅ ခုနှစ်မှာမှ စတင်ဖွဲ့စည်းလိုက်တဲ့ အဆိုတော် ၆ ဦးပါဝင်တဲ့ K-pop အဖွဲ့ဖြစ်ပါတယ်။ G-Friend အဖွဲ့ဟာ ပွဲဦးထွက်သီချင်း စတင်ထွက်ပေါ်လာပြီး ၁၂ ရက်အတွင်း ဂီတဇယားတွေနဲ့ ဂီတပရိုဂရမ် အတော်များများမှာ အမှတ်များစွာရရှိခဲ့ပါတယ်။

၇။ Twice (၃၇ မဲ)

play

Twice ကတော့ K-pop အဆိုတော် (၉) ယောက်အဖွဲ့ပါ။ အောက်တိုဘာလ ၂၀ ရက်မှာ The Story Begins ဆိုတဲ့ သူတို့ရဲ့ပထမဆုံး မီနီအယ်လ်ဘမ်လေးနဲ့အတူ K-pop လောကထဲကို စတင်ခြေချခဲ့ပါတယ်။

၆။ Girls Generation (၃၈ မဲ)

play

 

၂၀၀၇ ခုနှစ်မှာ စတင်ထွက်ပေါ်လာခဲ့တဲ့ Girls’ Generation မှာ အဖွဲ့ဝင်ကိုးဦး ပါဝင်ခဲ့ပေမယ့် ဂျက်ဆီကာဆိုတဲ့ အဖွဲ့ဝင်တစ်ဦးက ၂၀၁၄ ခုနှစ်မှာ နှုတ်ထွက်သွားခဲ့တဲ့အတွက် အခုဆိုရင် ၈ ယောက်အဖွဲ့ဖြစ်သွားပါပြီ။

၅။ Girls Day (၃၉ မဲ)

play

 

အဖွဲ့ဝင် ၄ ဦးပါဝင်တဲ့ ဒီအဖွဲ့က "Twinkle Twinkle", "Expectation", "Female President", "Something", "Darling", နဲ့ "Ring My Bell" ဆိုတဲ့ သီချင်းတွေနဲ့ နာမည်ကြီးခဲ့တာပါ။

၎။ Exid (၄၅ မဲ)

play

 

ဒီ K-pop ၅ ယောက်အဖွဲ့ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စတင်ပေါ်ထွက်လာခဲ့ကာ ၂၀၁၄ ခုနှစ်ကစပြီး ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့တာပါ။

၃။ A Pink (၄၈ မဲ)

play

 

၂၀၁၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ A Pink အဖွဲ့မှာ အစက အဖွဲ့ဝင် ၆ ဦး ပါဝင်ခဲ့ကာ တစ်ဦးက ၂၀၁၃ ခုနှစ်မှာ ပညာရေးအတွက် အဖွဲ့ထဲက နှုတ်ထွက်သွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက သူတို့ရဲ့ ပထမဆုံး ဂျပန်သီချင်း NoNoNo ကိုလည်း သီဆိုခဲ့ပါသေးတယ်။

၂။ Red Velvet (၅၁ မဲ)

play

 

Red Velvet မှာ အဖွဲ့ဝင် (၅) ဦးပါဝင်ပြီး ၂၀၁၄ ခုနှစ်မှာမှ စတင်ထွက်ပေါ်လာခဲ့တဲ့ K-pop အဖွဲ့ဖြစ်ပါတယ်။

၁။ AOA (၉၅ မဲ)

play

ကိုရီးယားစစ်မှုထမ်းအမျိုးသားတွေ အကြိုက်အများဆုံး K-pop အဖွဲ့ကတော့ အဖွဲ့ဝင် (၇) ယောက်ပါတဲ့ AOA အဖွဲ့ပါ။ ဒီအုပ်စုက ၂၀၁၂ ခုနှစ်မှာ စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီး ဂျပန်မှာတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ စတင်ဖျော်ဖြေခဲ့ပါတယ်။

Source : www.allkpop.com

Photos : www.allkpop.com, www.blogspot.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ